ဟားခါးမြို့ကနေ Non CDM ဝန်ထမ်း ပြောင်းရွေ့နဲ့ ပင်စင် ၅၀ ကျော်သောင်တင်နေတာ ၃ လကြာပြီဟုဆို

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ တာဝန်ကျတဲ့ Non CDM ဝန်ထမ်း ပြောင်းရွေ့၊ ရာထူးတိုး၊ သက်ပြည့်ပင်စင်တွေဟာ ကုန်လမ်းကနေ မသွားရဲတာကြောင့် စစ်တပ်ရဟတ်ယာဉ်ကလည်း တစ်လတစ်ကြိမ်လောက်သာရောက်လာတာကြောင့် သောင်တင်နေကြပါတယ်။

အခုလို သောင်တင်နေတဲ့သူတွေထဲမှာ ဦးစီးအရာရှိကနေ ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်တဲ့သူတွေအများဆုံးဖြစ်တယ်လို့သိရတယ်။

ဟားခါးမြို့ ပြည်နယ်ဝန်ထမ်းတစ်ယောက်က “လိုင်းကားကတော့သွားနေတာပဲ။ ဒါပေမယ့် သူတို့ကမလိုက်ရဲဘူး။ ရဟတ်ယာဉ်က ပိုက်ဆံလာပို့တဲ့ချိန် တစ်လတခါလောက်ပဲလာတယ်။ ရဟတ်ယာဉ်တစ်စီးမှာ လူ ၁၀ ယောက်ပဲလိုက်နိုင်တယ်။ အခုလိုသောင်တင်နေတာ လူ ၅၀ လောက်ရှိမယ်။ အချို့ဆို ၃ လ၊ ၂လလောက်ကြာနေပြီ။ သူတို့က မြို့ထဲမှာစုပေါင်းပြီးနေကြတယ်။ အိမ်ယာမှာမနေရဲကြဘူး။ ညမှာ ရိပ်သာမှာအိပ်ကြတယ်” လို့ပြောပါတယ်။

ရဟတ်ယာဉ်လာတဲ့ချိန်မှာလည်း Non CDM ဝန်ထမ်းတွေထက် စီးပွားရေးသမားတွေလိုက်ပါတာပိုများတယ်လို့လည်းသိရတယ်။ ဟားခါးကနေ ပြည်မဘက်ကိုဆင်းတဲ့ ဟားခါး-ကလေးလမ်းနဲ့ ဟားခါး-ဂန့်ဂေါကားလမ်းတွေဟာ ချင်းကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။

Zalen ad

Zawgyi

ဟားခါးၿမိဳ႕ကေန Non CDM ဝန္ထမ္း ေျပာင္းေရြ႕နဲ႔ ပင္စင္ ၅၀ ေက်ာ္ေသာင္တင္ေနတာ ၃ လၾကာၿပီဟုဆို

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕မွာ တာဝန္က်တဲ့ Non CDM ဝန္ထမ္း ေျပာင္းေရြ႕၊ ရာထူးတိုး၊ သက္ျပည့္ပင္စင္ေတြဟာ ကုန္လမ္းကေန မသြားရဲတာေၾကာင့္ စစ္တပ္ရဟတ္ယာဥ္ကလည္း တစ္လတစ္ႀကိမ္ေလာက္သာေရာက္လာတာေၾကာင့္ ေသာင္တင္ေနၾကပါတယ္။

အခုလို ေသာင္တင္ေနတဲ့သူေတြထဲမွာ ဦးစီးအရာရွိကေန ညႊန္ၾကားေရးမႉး တာဝန္ထမ္းေဆာင္တဲ့သူေတြအမ်ားဆုံးျဖစ္တယ္လို႔သိရတယ္။

ဟားခါးၿမိဳ႕ ျပည္နယ္ဝန္ထမ္းတစ္ေယာက္က “လိုင္းကားကေတာ့သြားေနတာပဲ။ ဒါေပမယ့္ သူတို႔ကမလိုက္ရဲဘူး။ ရဟတ္ယာဥ္က ပိုက္ဆံလာပို႔တဲ့ခ်ိန္ တစ္လတခါေလာက္ပဲလာတယ္။ ရဟတ္ယာဥ္တစ္စီးမွာ လူ ၁၀ ေယာက္ပဲလိုက္နိုင္တယ္။ အခုလိုေသာင္တင္ေနတာ လူ ၅၀ ေလာက္ရွိမယ္။ အခ်ိဳ႕ဆို ၃ လ၊ ၂လေလာက္ၾကာေနၿပီ။ သူတို႔က ၿမိဳ႕ထဲမွာစုေပါင္းၿပီးေနၾကတယ္။ အိမ္ယာမွာမေနရဲၾကဘူး။ ညမွာ ရိပ္သာမွာအိပ္ၾကတယ္” လို႔ေျပာပါတယ္။

ရဟတ္ယာဥ္လာတဲ့ခ်ိန္မွာလည္း Non CDM ဝန္ထမ္းေတြထက္ စီးပြားေရးသမားေတြလိုက္ပါတာပိုမ်ားတယ္လို႔လည္းသိရတယ္။ ဟားခါးကေန ျပည္မဘက္ကိုဆင္းတဲ့ ဟားခါး-ကေလးလမ္းနဲ႔ ဟားခါး-ဂန႔္ေဂါကားလမ္းေတြဟာ ခ်င္းကာကြယ္ေရးတပ္ေတြက ထိန္းခ်ဳပ္ထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်