ဟားခါးမြို့နယ်တွင် ဒီနှစ်မှာ ခရစ္စမတ်ပွဲတော် မကျင်းပဖို့ဆုံးဖြတ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ဒီနှစ်ခရစ္စမတ်ရာသီတွင် ဘုရားကျောင်း၊ လမ်း၊ အိမ်တွေအလှဆင်ခြင်းမပြုလုပ်ဖို့၊ စားသောက်ပွဲတွေမကျင်းပဖို့ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာ ၂၀ ရက်ကထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်ထဲတွင် ခရစ္စမတ် ရာသီလည်းရောက်တော့မယ်၊ ပွဲတော်ကျင်းပခြင်းနဲ့ အလှဆင်ခြင်းကိစ္စတွေမှာ အရင်နှစ်တွေလည်းစည်စည်ကားကားကျင်းပရန်မသင့်ကြောင်း ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ရဲ့ သွေးချင်းညီအစ်ကိုဖြစ်တဲ့ ထန်တလန်မြို့ကပြည်သူအားလုံး မြို့ကိုစွန့်ခွာပြီး အိမ်တွေမီးလောင်ပျက်စီးတဲ့ကြားမှာ ခရစ္စမတ်ပွဲကို ပျော်ပျော်ရွှင်ရွှင်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ပါလို့ဖော်ပြထားပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ ကျေးရွာ၊ ရပ်ကွက်အတွင်း လမ်းအလှဆင်ခြင်းကို ဒီနှစ်မပြုလုပ်ဖို့၊ ဘုရားကျောင်းကတော့ ပလ္လင်နဲ့ ဆိုင်းဘုတ်သာအလှဆင်ရန်၊ အိမ်အတွင်းပိုင်းသာအလှဆင်ရန်၊ အသင်းတော်နဲ့ရပ်ကွက်တွေမှာ ခရစ္စမတ်နေ့စုဝေးကာ ဝတ်ပြုဆုတောင်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းမလုပ်ရ၊ ဒီဇင်ဘာလအကြိုနဲ့ နှစ်သစ်ကူးပွဲတွေမပြုလုပ်ရ၊ ဓမ္မအမှုတော်ဆောင်တွေလည်း ရုံး နဲ့ အခြားနေရာတွင် ခရစ္စမတ်ပွဲဖိတ်ကြားခံရင် မပါဝင်ရ စသည်တို့ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယအဖွဲ့ကလည်း ဒီနှစ် ခရစ္စမတ်ပွဲတော်ကျင်းပမယ့် ကုန်ကျစရိတ်တွေကို ဒုက္ခခံနေရတဲ့ အငယ်ဆုံးသောသူတွေအတွက် စိတ်အားထက်သန်စွာအတူတကွပါဝင်ပေးလှူကြဖို့ အလေးအနက် မေတ္တာရပ်ခံကြောင်း နိုဝင်ဘာလ ၂၂ ရက်ကထုတ်ပြန်ထားပါတယ်။

Zawgyi

ဟားခါးၿမိဳ႕နယ္တြင္ ဒီႏွစ္မွာ ခရစၥမတ္ပြဲေတာ္ မက်င္းပဖို႔ဆံုးျဖတ္

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္တြင္ ဒီႏွစ္ခရစၥမတ္ရာသီတြင္ ဘုရားေက်ာင္း၊ လမ္း၊ အိမ္ေတြအလွဆင္ျခင္းမျပဳလုပ္ဖို႔၊ စားေသာက္ပြဲေတြမက်င္းပဖုိ႔ ဟားခါးခရစ္ယာန္ဂိုဏ္းေပါင္းစံု ဓမၼအမႈေတာ္ေဆာင္မ်ားအဖြဲ႔က ဆံုးျဖတ္ထားေၾကာင္း ႏိုဝင္ဘာ ၂၀ ရက္ကထုတ္ျပန္ထားပါတယ္။

ယင္းထုတ္ျပန္ခ်က္ထဲတြင္ ခရစၥမတ္ ရာသီလည္းေရာက္ေတာ့မယ္၊ ပြဲေတာ္က်င္းပျခင္းနဲ႔ အလွဆင္ျခင္းကိစၥေတြမွာ အရင္ႏွစ္ေတြလည္းစည္စည္ကားကားက်င္းပရန္မသင့္ေၾကာင္း ဟားခါးခရစ္ယာန္ဂိုဏ္းေပါင္းစံု ဓမၼအမႈေတာ္ေဆာင္မ်ားအဖြဲ႔က ဆုံးျဖတ္ထားပါတယ္။ က်ေနာ္တို႔ရဲ႕ ေသြးခ်င္းညီအစ္ကိုျဖစ္တဲ့ ထန္တလန္ၿမိဳ႕ကျပည္သူအားလံုး ၿမိဳ႕ကိုစြန္႔ခြာၿပီး အိမ္ေတြမီးေလာင္ပ်က္စီးတဲ့ၾကားမွာ ခရစၥမတ္ပြဲကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္က်င္းပဖို႔ဆိုတာ မျဖစ္ႏိုင္ပါလို႔ေဖာ္ျပထားပါတယ္။

ဆံုးျဖတ္ခ်က္ေတြထဲမွာ ေက်းရြာ၊ ရပ္ကြက္အတြင္း လမ္းအလွဆင္ျခင္းကို ဒီႏွစ္မျပဳလုပ္ဖို႔၊ ဘုရားေက်ာင္းကေတာ့ ပလႅင္နဲ႔ ဆုိင္းဘုတ္သာအလွဆင္ရန္၊ အိမ္အတြင္းပိုင္းသာအလွဆင္ရန္၊ အသင္းေတာ္နဲ႔ရပ္ကြက္ေတြမွာ ခရစၥမတ္ေန႔စုေဝးကာ ဝတ္ျပဳဆုေတာင္းျခင္း၊ ဧည့္ခံေကၽြးေမြးျခင္းမလုပ္ရ၊ ဒီဇင္ဘာလအၾကိဳနဲ႔ ႏွစ္သစ္ကူးပြဲေတြမျပဳလုပ္ရ၊ ဓမၼအမႈေတာ္ေဆာင္ေတြလည္း ရံုး နဲ႔ အျခားေနရာတြင္ ခရစၥမတ္ပြဲဖိတ္ၾကားခံရင္ မပါဝင္ရ စသည္တို႔ျဖစ္ပါတယ္။

အျပည္ျပည္ဆုိင္ရာ ျမန္မာႏွစ္ျခင္းခရစ္ယာန္မိတ္သဟာယအဖြဲ႔ကလည္း ဒီႏွစ္ ခရစၥမတ္ပြဲေတာ္က်င္းပမယ့္ ကုန္က်စရိတ္ေတြကို ဒုကၡခံေနရတဲ့ အငယ္ဆံုးေသာသူေတြအတြက္ စိတ္အားထက္သန္စြာအတူတကြပါဝင္ေပးလွဴၾကဖို႔ အေလးအနက္ ေမတၱာရပ္ခံေၾကာင္း ႏိုဝင္ဘာလ ၂၂ ရက္ကထုတ္ျပန္ထားပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်