ဟားခါးမြို့သစ်စီမံကိန်းမှာ မီးကြိုးသွယ်နေတဲ့လူငယ်တွေကို ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ဖြစ်ပွား

ဟားခါးမြို့ မြို့သစ်စီမံကိန်းဖော်ဆောင်တဲ့နေရာမှာ မီးကြိုးသွယ်တန်းနေတဲ့ လူငယ် ၂၀ ခန့်ကို စက်တင်ဘာ ၃ ရက် နေ့လည် ၁ နာရီလောက်က စစ်ကောင်စီတပ်တွေက မြေပြင်နဲ့ ရဟတ်ယာဉ်ပေါ်ကနေပါ သေနတ်နဲ့ပစ်ခတ်ကြတယ်လို့သတင်းရရှိပါတယ်။

ယင်းမြို့သစ်စီမံကိန်းဟာ NLD အစိုးရလက်ထက်က မြေဧက ၆၀၀ ပေါ်ဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့က ဆက်လက်လုပ်ဆောင်ကြတာဖြစ်ပါတယ်။

မီးကြိုးသွယ်တန်းရာတွင်ပါဝင်တဲ့ ဟားခါးမြို့ လူငယ်တစ်ဦးက “လူကတော့ ၁၅၊ ၂၀ ယောက်လောက်ရှိမယ်။ စစ်သားတွေက ဘယ်လိုနဲ့ ငါတို့နားရောက်လာကြတာလဲဆိုတာမသိဘူး။ ငါတို့ကိုလာပစ်တာ နေ့လည် ၁ နာရီ ၁ နာရီခွဲကြားလောက်ဖြစ်မယ်။ စစ်သားက ၅၀၊ ၆၀ လောက်ရှိမယ်။ သေနတ် ၃၀ ချက်လောက်ပစ်တယ်။ ငါတို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ ခြုံတွေကြားမှာပြေးကြရင်း အဖွဲ့ ၃ ဖွဲ့ခွဲပြီးတော့ပြေးကြတယ်။ တခြား အဖွဲ့တဖွဲ့ကတော့ ရဟတ်ယာဉ်ပေါ်ကနေလည်း သေနတ်နဲ့ပစ်တယ်လို့ပြောတယ်။ သူတို့က ငါတို့ကို CDF လို့ထင်တာနေမှာ။ ဒဏ်ရာရရှိတဲ့သူတော့မရှိဘူး။ မီးကြိုးသွယ်တဲ့နေရာက ဂေါက်ကွင်းအောက် လမ်းအသစ်ဖောက်ထားတဲ့နေရာမှာ သွယ်ကြတယ်” လို့ပြောပါတယ်။

(Zawgyi)

Zalen ad

ဟားခါးၿမိဳ႕သစ္စီမံကိန္းမွာ မီးႀကိဳးသြယ္ေနတဲ့လူငယ္ေတြကို ရဟတ္ယာဥ္ေပၚကေန ပစ္ခတ္ျဖစ္ပြား

ဟားခါးၿမိဳ႕ ၿမိဳ႕သစ္စီမံကိန္းေဖာ္ေဆာင္တဲ့ေနရာမွာ မီးႀကိဳးသြယ္တန္းေနတဲ့ လူငယ္ ၂၀ ခန႔္ကို စက္တင္ဘာ ၃ ရက္ ေန႔လည္ ၁ နာရီေလာက္က စစ္ေကာင္စီတပ္ေတြက ေျမျပင္နဲ႔ ရဟတ္ယာဥ္ေပၚကေနပါ ေသနတ္နဲ႔ပစ္ခတ္ၾကတယ္လို႔သတင္းရရွိပါတယ္။

ယင္းၿမိဳ႕သစ္စီမံကိန္းဟာ NLD အစိုးရလက္ထက္က ေျမဧက ၆၀၀ ေပၚေဖာ္ေဆာင္ခဲ့တာျဖစ္ၿပီး စစ္ေကာင္စီအဖြဲ႔က ဆက္လက္လုပ္ေဆာင္ၾကတာျဖစ္ပါတယ္။

မီးၾကိဳးသြယ္တန္းရာတြင္ပါဝင္တဲ့ ဟားခါးၿမိဳ႕ လူငယ္တစ္ဦးက “လူကေတာ့ ၁၅၊ ၂၀ ေယာက္ေလာက္ရွိမယ္။ စစ္သားေတြက ဘယ္လိုနဲ႔ ငါတို႔နားေရာက္လာၾကတာလဲဆိုတာမသိဘူး။ ငါတို႔ကိုလာပစ္တာ ေန႔လည္ ၁ နာရီ ၁ နာရီခြဲၾကားေလာက္ျဖစ္မယ္။ စစ္သားက ၅၀၊ ၆၀ ေလာက္ရွိမယ္။ ေသနတ္ ၃၀ ခ်က္ေလာက္ပစ္တယ္။ ငါတို႔လည္း ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ျခံဳေတြၾကားမွာေျပးၾကရင္း အဖြဲ႔ ၃ ဖြဲ႔ခြဲၿပီးေတာ့ေျပးၾကတယ္။ တျခား အဖြဲ႔တဖြဲ႔ကေတာ့ ရဟတ္ယာဥ္ေပၚကေနလည္း ေသနတ္နဲ႔ပစ္တယ္လုိ႔ေျပာတယ္။ သူတို႔က ငါတို႔ကို CDF လုိ႔ထင္တာေနမွာ။ ဒဏ္ရာရရွိတဲ့သူေတာ့မရွိဘူး။ မီးၾကိဳးသြယ္တဲ့ေနရာက ေဂါက္ကြင္းေအာက္ လမ္းအသစ္ေဖာက္ထားတဲ့ေနရာမွာ သြယ္ၾကတယ္” လုိ႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်