ဟားခါးမြို့အနီးတွင် ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ထန်တလန်မြို့ကိုသွားတဲ့ သီမစ်ချောင်းတဝိုက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ဇူလိုင် ၃၀ ရက်ကစပြီး ယနေ့ သြဂုတ် ၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့သတင်းရရှိပါတယ်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်မှာ CNA, CDF-Zophei, CDF-Thantlang နဲ့ CDF-Hakha ပါဝင်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဟားခါးမြို့ကနေ စစ်ကြောင်း ၃ကြောင်းခွဲပြီး သီမစ်ချောင်းကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အရင်လက ကလေးမြို့ကနေ စစ်ကောင်စီတပ်တွေ ဆောက်လုပ်ရေးကား ၄ စီးသယ်ဆောင်လာပြီး ဟားခါးနဲ့ ထန်တလန်ကိုဆက်သွယ်ထားတဲ့ သီမစ်ချောင်းတံတားကို ပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ထားတယ်လို့လည်းသိရတယ်။

ဟားခါးအခြေစိုက်တပ်ကုန်းကနေ လက်နက်ကြီးပစ်ကူနဲ့ပစ်ခတ်နေပြီး မနေ့ည သြဂုတ် ၁ ရက်နေ့ညနေပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတွေ့ရှိကြောင်းကြေညာထားပါတယ်။

ဒါကြောင့် မိဘပြည်သူများ ဟားခါး-ထန်တလန်ကြား ကားလမ်းတွေအသုံးမပြုကြဖို့ မေတ္တာရပ်ခံအပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်