ဟားခါးမြို့အနီးတွင် ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ထန်တလန်မြို့ကိုသွားတဲ့ သီမစ်ချောင်းတဝိုက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ဇူလိုင် ၃၀ ရက်ကစပြီး ယနေ့ သြဂုတ် ၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့သတင်းရရှိပါတယ်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်မှာ CNA, CDF-Zophei, CDF-Thantlang နဲ့ CDF-Hakha ပါဝင်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဟားခါးမြို့ကနေ စစ်ကြောင်း ၃ကြောင်းခွဲပြီး သီမစ်ချောင်းကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အရင်လက ကလေးမြို့ကနေ စစ်ကောင်စီတပ်တွေ ဆောက်လုပ်ရေးကား ၄ စီးသယ်ဆောင်လာပြီး ဟားခါးနဲ့ ထန်တလန်ကိုဆက်သွယ်ထားတဲ့ သီမစ်ချောင်းတံတားကို ပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ထားတယ်လို့လည်းသိရတယ်။

ဟားခါးအခြေစိုက်တပ်ကုန်းကနေ လက်နက်ကြီးပစ်ကူနဲ့ပစ်ခတ်နေပြီး မနေ့ည သြဂုတ် ၁ ရက်နေ့ညနေပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတွေ့ရှိကြောင်းကြေညာထားပါတယ်။

Zalen ad

ဒါကြောင့် မိဘပြည်သူများ ဟားခါး-ထန်တလန်ကြား ကားလမ်းတွေအသုံးမပြုကြဖို့ မေတ္တာရပ်ခံအပါတယ်။

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်