ဟားခါးမြို့ ကားကြီးဝန်းအသစ် ဖွင့်လှစ်

ဟားခါးမြို့မှာ Chin Public Company က Developer အနေနဲ့တည်ဆောက်ထားတဲ့ ဟားခါး ကားကြီးဝန်းကို ဇန်နဝါရီလ (၄)ရက်တွင် ဖွင့်လှစ်ပါတယ်။

ကားကြီးဝန်းဟာ ဟားခါးမှ မတူပီဘက်သွားတဲ့ကားလမ်းဘေးတွင်ရှိပြီး ယင်းနေရာတွင် ခရီးသည်တင်ကားများနဲ့ ကုန်တင်ကားများရပ်နားနိုင်ပါတယ်။

Chin Public Company ဥက္ကဌ ဒေါက်တာရွှေဟိန်းက “ကားဂိတ် အခန်းတွေအကုန်လုံး ရောင်းချလိုက်ပြီ။ ကုန်ပစ္စည်းတွေထားတဲ့ဂိတ်မှာ စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေဖွင့်ချင်တဲ့သူတွေအတွက် အခန်းလာဝယ်လို့ရပါသေးတယ်။ ဒီလ ဇန်နဝါရီ (၁၅)ရက်အထိ တစ်ခန်းမှာ သိန်း ၂၂၀ ဖြစ်မယ်။ ဇန်နဝါရီလ (၁၅)ရက်နောက်ပိုင်းတော့ အခန်းဈေး တက်သွားမယ်” လို့ပြောပါတယ်။

Zalen ad

ယင်းကားကြီးဂိတ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ကျပ်သိန်း ၁၅,၀၀၀ အကုန်အကျခံကာ စတင်တည်ဆောက်တာဖြစ်ပါတယ်။

Chin Public Company ဟာ ဖလမ်းဈေး နဲ့ တီးတိန်ဈေးတွေကို Developer အနေနဲ့တည်ဆောက်ဖို့ ရရှိထားပါတယ်။

၂၀၁၇ ခုနှစ် တွင် ထန်တလန်မြိ့မှာ ကားလေးဝန်းကို ဖွင့်လှစ်ထားပြီး လက်ရှိ ပလက်ဝ နဲ့ ဖလမ်းမြို့တွင် ကားလေးဝန်းတည်ဆောက်ဖို့ အစိုးရကစီစဉ်နေပါတယ်။

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်