ဟားခါးမှာရေရှားလို့ စည်ပင်ကရေ တစ်ပေပါ တစ်ရာကျပ်နဲ့စတင်ရောင်းချ

ဟားခါးမှာရေရှားလို့ စည်ပင်ကရေ တစ်ပေပါ တစ်ရာကျပ်နဲ့စတင်ရောင်းချ
ချင်းပြည်နယ် ဟားခါးမြို့မှာ ရေရှားလို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တစ်ပေပါ(ဂါလံ ၅၀ ဆံ)ကို တစ်ရာကျပ်နဲ့ မတ်လ(၁၄)ရက်စပြီး စတင်ရောင်းချနေပါတယ်။
သီးမြစ်ဆည်ကနေတဆင့် ရေစုပ်စက်နဲ့ဟားခါးမြို့မှာရှိတဲ့ ရေလှောင်(၆)ခုမှာ တစ်နေ့ကို ရေဂါလံ သုံးသိန်းပို့လွတ်နေပါတယ်။
နွေရာသီမှာ စမ်းရေထွက်နည်းပါးလို့ ဟားခါးမြို့ဟာ နှစ်စဉ် သောက်သုံးရေရှားပါးတဲ့ပြဿနာကို ကြုံ့တွေ့နေပါတယ်။
ဟားခါးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးငွန်ဝုန်းက “ရေဖြန့်ဝေရေးအတွက် ကုန်ကျစရိုက်တွေကို အစိုးရကလည်း မထောက်ပံ့ဘူး။ သီးမြစ်ချောင်းဆည်တည်ရေးတဲ့ ကုမ္ပဏီဘက်ကလည်း မထောက်ပံ့ဘူး။ ပြည်သူတွေ ရေဝယ်လို့ရလာတဲ့ပိုက်ဆံနဲ့ လျှပ်စစ်မီတာခတွေဆောင်မယ်။ မလောက်ရင် စည်ပင်ငွေနဲ့ရှင်းမယ်။ ဒါက ပြည်သူကို စည်ပင်ကဝန်ဆောင်မှုပေးတာသပ်သပ်ပါ” လို့ပြောပါတယ်။
ဟားခါးမြို့ကနေ ခုနစ်မိုင်ခန့်အကွာ သီးမြစ်ချောင်းမှာ ဆည်တည်ဆောက်ကာ ဟားခါးမြို့တွင်းရေဖြန့်ဝေရေးလုပ်ဖို့ စီစဉ်ထားပေမယ့် နည်းစနစ်လိုအပ်ချက်ကြောင့် မြို့တွင်းရေလှောင်ကန်ကနေ လူနေအိမ်တွေထိ ရေမရောက်နိုင်ဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်