အချုပ်ကျနေသည့် မိန်းကလေးကို အစောင့်ရဲဘော်များက အကြိမ်ကြိမ်အဓမ္မပြကျင့်မှုကို ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က အရေးယူ

ဆောမြို့နယ်၌ ခိုးမှုဖြင့် အချုပ်ကျနေသော ၂၂ နှစ်ခန့်အရွယ် အမျိုးသမီးကို အစောင့်ကျ ပြည်သူ့လုံခြုံရေး(ပလဖ)ရဲဘော် ၈ ဦးက အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်ခရိုင်၊ ဆောမြို့နယ်သို့ ရန်ကုန်မှတစ်ဆင့် လာရောက်အလုပ်လုပ်ကိုင်သူ ယင်းအမျိုးသမီးသည် ခိုးမှုများအကြိမ်ကြိမ်ကျူးလွန်သဖြင့် ပြီးခဲ့သည့် ၂၀၂၃၊ ဧပြီလပိုင်းက ဆောတိုက်နယ်အချုပ်၌ ​ပြည်သူ့အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့တာဝန်ရှိသူများက အရေးယူထိန်းသိမ်းထားသည်ဟု ဆိုသည်။

ထိုသို့ထိန်းသိမ်းခံနေရစဥ် အစောင့်တာဝန်ကျ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရဲဘော် ၈ ဦးက အဓမ္မပြုကျင့်ခဲ့ကြရာ တစ်လအကြာ၌ တာဝန်ရှိသူများက သိရှိသွားသ​​ဖြင့် ကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ဇူလိုင် ၂၉ ရက်၌ သက်သေအထောက်အထားအပြည့်အစုံကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောသည်။

“သက်သေအထောက်အထားအပြည့်အစုံရရှိပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တို့ကနေ ဖမ်းဆီးအရေးယူထားပြီး ဖြစ်ပါတယ်။ တာဝန်ခံမှုတာဝန်ယူမှုနဲ့ အရေးယူထားပြီးဖြစ်လို့လည်း အထူးတလည်ပြည်သူကို မကြေညာဖြစ်ခဲ့တာပါ” ဟု ဆိုသည်။

နစ်နာသူအမျိုးသမီးကို အခင်းဖြစ်စဥ်ပေါ်ပေါက်ပြီးနောက် အချုပ်သားဘဝမှ ရဲဘော်အသွင်ပြောင်းလဲစေကာ ငွေ ၆ သိန်းဖြင့် အမှုကျေအေးစေခဲ့သည့်အကြောင်းကို ဒေသခံမီဒီယာတစ်ခုဖြစ်သည့် ယော အလင်းတန်း Page က သြဂုတ် ၂ ရက်ညတွင် သတင်းဖော်ပြခဲ့သည်။

 သို့သော် လက်ရှိ၌ နစ်နာသူအမျိုးသမီးကို ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့တို့က အပြည့်အဝတာဝန်ယူစောင့်ရှောက်ထားပြီး ကျူးလွန်သူများကိုလည်း ထိုက်သင့်ပြစ်ဒဏ် ရရှိရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်