အဆိုတော်ကျားပေါက်ရဲ့ Doodle Art အိတ်ကို ထန်တလန်မီးဘေးသင့်ပြည်သူအတွက် အိတ်ပိတ်တင်ဒါနဲ့ရောင်းချ

နိုင်ငံကျော်အဆိုတော် ကျားပေါက်လက်နဲ့ရေးဆွဲထားတဲ့ Doodle Art အိတ် ၉ လုံးကို ယနေ့ည ရး၃၀ အချိန်ကစပြီး မနက်ဖြန် နိုဝင်ဘာ ၉ ရက်ည ရး၃ဝအချိန်ထိ အိတ်ပိတ်တင်ဒါနဲ့ ပန်ဆယ်လိုက ရောင်းချနေပါတယ်။

အိတ်ရောင်းရငွေကနေရရှိတဲ့ ငွေကြေးအားလုံး ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူတွေအတွက် ပေးလှူသွားမယ်လို့လည်းဖော်ပြထားပါတယ်။

အိတ်ဟာ ၁၀ အိတ်သာထုတ်လုပ်ထားပြီး ၁ အိတ်ကိုတော့ Bipolar Bear Page ကနေ မဲဖောက်ပေးမှာပါတယ်။ အိတ်ရဲ့ ကြမ်းခင်းစျေးကို ဒေါ်လာ ၅၀၀ သတ်မှတ်ထားပြီး ဝယ်ယူလိုပါက မိမိပေးနိုင်တဲ့ အမြင့်ဆုံးစျေးနှုန်းကို အိတ်နံပါတ်နဲ့အတူ ပန်ဆယ်လို မေဆင်ဂျာကိုပေးပို့ရမှာဖြစ်ပါတယ်။ စျေးအမြင့်ဆုံးပေးတဲ့သူကို နောက်ဆုံးနာရီတွင်သာ ကြေညာသွားမှာဖြစ်ပါတယ်။

တစ်နာရီအတွင်းမှာ ကမ်းလှမ်းလာသူ ၃၀ ကျော်ရှိပြီး အိတ်တစ်လုံးအတွက် ဒေါ်လာ ၂၀၀၀ အထိ ပေးဝယ်ချင်တဲ့သူတွေရှိကြောင်းသိရတယ်။

အရင်ကလည်း NUG ရန်ပုံငွေအတွက် အဆိုတော် ကျားပေါက်ရဲ့ Doodle Art Ukulele တစ်လုံးကို လေးလံတင်ရောင်းချရာ ဒေါ်လာ ၂၇၅၀၀ နဲ့ လေလံအောင်ထားပါတယ်။

Zawgyi

အဆိုေတာ္က်ားေပါက္ရဲ႕ Doodle Art အိတ္ကို ထန္တလန္မီးေဘးသင့္ျပည္သူအတြက္ အိတ္ပိတ္တင္ဒါနဲ႔ေရာင္းခ်

ႏိုင္ငံေက်ာ္အဆိုေတာ္ က်ားေပါက္လက္နဲ႔ေရးဆြဲထားတဲ့ Doodle Art အိတ္ ၉ လံုးကို ယေန႔ည ၇း၃၀ အခ်ိန္ကစၿပီး မနက္ျဖန္ ႏိုဝင္ဘာ ၉ ရက္ည ၇း၃၀အခ်ိန္ထိ အိတ္ပိတ္တင္ဒါနဲ႔ ပန္ဆယ္လိုက ေရာင္းခ်ေနပါတယ္။

အိတ္ေရာင္းရေငြကေနရရွိတဲ့ ေငြေၾကးအားလံုး ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ ျပည္သူေတြအတြက္ ေပးလွဴသြားမယ္လို႔လည္းေဖာ္ျပထားပါတယ္။

အိတ္ဟာ ၁၀ အိတ္သာထုတ္လုပ္ထားၿပီး ၁ အိတ္ကိုေတာ့ Bipolar Bear Page ကေန မဲေဖာက္ေပးမွာပါတယ္။ အိတ္ရဲ႕ ၾကမ္းခင္းေစ်းကို ေဒၚလာ ၅၀၀ သတ္မွတ္ထားၿပီး ဝယ္ယူလိုပါက မိမိေပးႏိုင္တဲ့ အျမင့္ဆံုးေစ်းႏႈန္းကို အိတ္နံပါတ္နဲ႔အတူ ပန္ဆယ္လို ေမဆင္ဂ်ာကိုေပးပို႔ရမွာျဖစ္ပါတယ္။ ေစ်းအျမင့္ဆံုးေပးတဲ့သူကို ေနာက္ဆံုးနာရီတြင္သာ ေၾကညာသြားမွာျဖစ္ပါတယ္။

တစ္နာရီအတြင္းမွာ ကမ္းလွမ္းလာသူ ၃၀ ေက်ာ္ရွိၿပီး အိတ္တစ္လံုးအတြက္ ေဒၚလာ ၂၀၀၀ အထိ ေပးဝယ္ခ်င္တဲ့သူေတြရွိေၾကာင္းသိရတယ္။

အရင္ကလည္း NUG ရန္ပံုေငြအတြက္ အဆိုေတာ္ က်ားေပါက္ရဲ႕ Doodle Art Ukulele တစ္လံုးကို ေလးလံတင္ေရာင္းခ်ရာ ေဒၚလာ ၂၇၅၀၀ နဲ႔ ေလလံေအာင္ထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်