အနည်းဆုံးသတင်း(၂၅)ပုဒ်နဲ့ သတင်းလုပ်သက်(၁)နှစ်ရှိသူတိုင်း ချင်းဂျာနယ်လစ်အသင်းဝင်နိုင်ပြီ

အနည်းဆုံး ကိုယ်ပိုင်သတင်း(၂၅)ပုဒ်ရေးသူ၊ သတင်းထောက်လုပ်သက်(၁)နှစ်ရှိသူ ချင်းသတင်းထောက်သမားတိုင်း ချင်းဂျာနယ်လစ်အသင်းဝင်အဖြစ်လျှောက်ထားလို့ရပြီဖြစ်ကြောင်း ချင်းမီဒီယာကွန်ရက်ကကြေညာထားပါတယ်။

ချင်းဂျာနယ်လစ်အသင်းကို သြဂုတ်လ(၇)ရက်မှ(၉)ရက်နေ့ထိ ကလေးမြို့ GBH ဟိုတယ်မှာကျင်းပတဲ့ (၇)ကြိမ်မြောက် ချင်းမီဒီယာကွန်ရက်နှစ်ပတ်လည်အစည်းအဝေးမှာစတင်ဖွဲ့စည်းထားပါတယ်။

ချင်းဂျာနယ်လစ်အသင်းတာဝန်ရှိသူ ဆလိုင်းငယ်ပီးက “ချင်းမီဒီယာတစ်ခုခုမှာ သတင်းထောက်မလုပ်တဲ့ ချင်းလူမျိုးသတင်းထောက်တွေနဲ့ချိတ်ဆက်လို့ရအောင် ဒီအသင်းကိုဖွဲ့စည်းတာပါ။ အသင်းဝင်ဖြစ်ဖို့ သတင်းထောက်လုပ်သက် (၁)နှစ်ရှိရမယ်။ အနည်းဆုံး ကိုယ်ပိုင်သတင်း(၂၅)ပုဒ်ရေးတဲ့သူဖြစ်ရမယ်။ ချင်းလူမျိုးဖြစ်ရမယ်။ အခု စည်းမျဉ်းစည်းကမ်းတွေပြုလုပ်နေတယ်။  လျှောက်လွှာတွေကို CMN Facebook page မှာတင်လာမယ်။ ရှေ့နှစ် CMN အစည်းအဝေးမှာ အသင်းအတည်ပြုသွားမယ်”လို့ပြောပါတယ်။

ချင်းမီဒီယာကွန်ရက်ရဲ့ ကြေညာချက်အမှတ်(၁/၂၀၁၈)မှာ ချင်းသတင်းသမားများ၏ လုံးခြုံရေး၊ သာရေး၊ နာရေးကိစ္စရပ်များတွင် အပြန်အလှန်ကူညီကြရန်နှင့် သတင်းသမားအခွင့်အရေး၊ သတင်းအချက်အလက်ရယူပိုင်ခွင့်ကိစ္စရပ်များတွင်အတူလက်တွဲလုပ်ဆောင်ရန်ရည်ရွယ်ဖွဲ့စည်းထားသော ချင်းဂျာနယ်လစ်အသင်းသို့ အနယ်နယ်အရပ်ရပ်ရှိ ချင်းလူမျိုးသတင်းသမားအားလုံး ဆက်သွယ်ဝင်ရောက်ရန် လှိုက်လှဲစွာကြိုဆိုကြောင်းလို့ရေးသားထားပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့ ဆလိုင်းရောဘတ်(၀၉ ၄၅၈၈၆၅၅၇၅)၊ ဆလိုင်းငယ်ပီး(၀၉ ၄၂၇၇၃၁၂၉၃)၊ ဆလိုင်းဟုန်းထွန်းဂေ(၀၉ ၄၅၃၃၃၄၆၅၆)၊ မိုင် ကရေစီ(၀၉ ၄၅၈၉၅၃၄၉၅) တို့ဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်