အမေရိကန်သမိုင်းမှာအရှည်ကြဆုံးအစိုးရလုပ်ငန်းရပ်ဆိုင်းမှုအဆုံးသတ်ရေးဥပဒေမူကြမ်းကို ထရမ့်လက်မှတ် ရေးထိုး

နိုဝင်ဘာလ ၁၃၊ ၂၀၂၅

Zalen

အမေရိကန် သမ္မတ Trump က ဗုဒ္ဓဟူးနေ့ညမှာ အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံး အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမှုကို အဆုံးသတ်မယ့် အသုံးစရိတ်ဥပဒေမူကြမ်းကိုလက်မှတ်ရေးထိုးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ ဒီမိုကရက်များရဲ့ တောင်းဆိုချက်များကို လိုက်လျောညီခြင်းမရှိသော ရီပတ်ဘလီကန်များအတွက် ဥပဒေပြု ရေးအောင်ပွဲတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစိုးရအသုံးစရိတ်ခွင့်ပြုချက် ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် အောက်လွှတ်တော်မှာ ထောက်ခံ မဲ ၂၂၂ မဲနဲ့ ကန့်ကွက်မဲ ၂၀၉ မဲဖြင့် အတည်ပြုကာ သမ္မတက နောက်ဆုံး လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပါတယ်။

Zalen ad

ရီပတ်ဘလစ်ကန်ခေါင်းဆောင်များက ဘေးချင်းကပ်လျက် Trump ဟာ ၂၂၂ – ၂၀၉ မဲဖြင့် အောက်လွှတ်တော်ကို ကျော်ဖြတ်ပြီး နှစ်နာရီအတွင်း လက်မှတ်ရေးထိုးခဲ့ကာ အစိုးရပြန်ဖွင့်ရတာ ဂုဏ်ယူကြောင်း သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။

အစိုးရလုပ်ငန်းများရပ်ဆိုင်းမှုဟာ ၄၃ ရက်ကြာခဲ့တဲ့အတွက် ထောင်နဲ့ချီသော ဖက်ဒရယ် အလုပ်သမားများကို လစာမပေးနိုင်ခြင်း၊ သန်းနဲ့ချီသော ဝင်ငွေနည်းပါးသော အမေရိကန်လူမျိုးများ စားနပ်ရိက္ခာ အထောက်အပံ့ ရရှိမှာ မသေချာ မရေရာမှုများနဲ့လေဆိပ်များမှာ ခရီးသွားများ နှောင့်နှေးမှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သမ္မတက လက်မှတ်ရေးထိုးထားတဲ့အသုံးစရိတ်အစီအစဉ်ဟာ ဇန်န၀ါရီလ ၃၀ ရက်နေ့အထိ အစိုးရအား ငွေကြေးထောက်ပံ့မှာဖြစ်ပြီး အစိုးရလုပ်ငန်းများပိတ်ချိန်အတွင်း အလုပ်မှထုတ်ပယ်ခံထားရတဲ့ ဖက်ဒရယ်အလုပ်သမားများကို ပြန်လည်နေရာချထားပေးမှာဖြစ်ကာ ဘတ်ဂျက်အကျပ်အတည်းကာလအတွင်း လစာမရရှိဘဲ အလုပ်ထုတ်ခံရသူ (သို့) အလုပ်မလုပ်တဲ့ ဗဟိုအစိုးရဝန်ထမ်းများအတွက် လစာကိုလည်း အာမခံပေးမှာဖြစ်ပါတယ်။

“ဒီတိုက်ပွဲက မပြီးသေးပါဘူး၊ ကျွန်တော်တို့ အခုမှစတာပါ။” လို့ အောက်လွှတ်တော် ဒီမိုကရက်တစ်တစ်ဦးဖြစ်သူ Hakeem Jeffries က ပြောကြားခဲ့ပြီး “အမေရိကန် ပြည်သူတွေအတွက် ဒီတိုက်ပွဲကို အောင်နိုင်မချင်း ငါတို့ တိုက်ပွဲဝင်သွားမယ်။”လို့ဆိုပါတယ်။

ကိုးကား – Los Angeles Times

သတင်း -Mickey

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်