အာဏာသိမ်းစစ်ကောင်စီတပ်ကို အိန္ဒိယနိုင်ငံခြားရေးအတွင်းက ၂ ရက်ကြာလာရောက်တွေ့ဆုံ

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Shringla ဟာ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၂ ရက်ထိ နေပြည်တော်နဲ့ ရန်ကုန်မြို့ကို ၂ ရက်ကြာအလည်အပတ်ခရီးရောက်လာပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံကြတယ်လို့ The Hindu သတင်းစာမှာဖော်ပြထားပါတယ်။

“ခရီးစဉ်အတွင်း နိုင်ငံခြားရေးအတွင်းဝန်က နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးနှင့် အိန္ဒိယ-မြန်မာ နယ်စပ်အရေးကိစ္စများနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားမည်” လို့ ပြည်ပရေးရာဝန်ကြီးဌာန (MEA) က ဒီဇင်ဘာ ၂၁ ရက်ကထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ အာသံရိုင်ဖယ်တပ်က ဗိုလ်မှူးကြီးနဲ့မိသားစုကို ပြီးခဲ့တဲ့ သြဂုတ်လက ကသည်းသူပုန် ခေါ် PLA တပ်က လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့် နယ်စပ်မျဉ်းကို အလွယ်တကူဝင်ထွက်လို့မရအောင် မဏီပူရ် နဲ့ စစ်ကိုင်းတိုင်း နယ်နမိတ်ကို အိန္ဒိယအစိုးရက သံဇကာနဲ့ နယ်စပ်စည်းတလျှောက်ကာယံလာကြပါတယ်။

ယခု ခရီးစဉ်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အိန္ဒိယအစိုးရက တိတ်တဆိပ်အသိအမှတ်ပြုသလိုဖြစ်ကြောင်း၊ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ထံ လက်နက်ထောက်ပံ့မှု တားဆီးရန်ကြိုးပမ်းတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဇွန်လက ဆုံးဖြတ်ချက်ကို အိန္ဒိယက မထောက်ခံကြောင်း၊ အာဏာသိမ်းပြီးနောက် သံအမတ်ကြီး Vinay Kumar အားခန့်အပ်ခြင်းလည်း စစ်အစိုးရကိုအသိအမှတ်ပြုတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ The Hindu သတင်းမှာဖော်ပြထားတယ်။

အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး India4Myanmar လှုပ်ရှားမှု က “မြန်မာနိုင်ငံသို့ (၂) ရက်တာ လာရောက်၍ စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ဆုံတွေ့သည် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်သည် မြန်မာစစ်တပ် အလိုအပ်ဆုံးဖြစ်နေသည့် အသိအမှတ်ပြုမှု ကို ပေးအပ်နေသည့်အတွက် ၄င်းခရီးစဉ် အား ရှုတ်ချသည်။ အိန္ဒိယ ကုမဏီများ၏ မြန်မာစစ်တပ်နှင့် ပက်သက်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းရန် ၊ အိန္ဒိယအစိုးရ က မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းများ ပံ့ပိုးနေမှုကို အချိန်မဆိုင်း ရပ်တန့်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများနှင့် ဆုံတွေ့ရန် နှင့် ချင်းပြည်နယ်မှ အိန္ဒိယသို့ရွေ့ပြောင်းကြရသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ အသံကို နားထောင်၍ စစ်ဘေးရှောင်ပြည်သူများအရေး ထိထိရောက်ရောက်ဆောင်ရွက်ရန် အိန္ဒိယ ဗဟိုအစိုးရအား တောင်းဆိုလိုက်သည်” လို့ ၄င်းတို့သဘောထားကို ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ထံ ဆက်လက်ပြီး လက်နက်တွေရောင်းချနေတယ်လို့ Justice for Myanmar ကဖော်ပြထားပါတယ်။

Zawgyi

အာဏာသိမ္းစစ္ေကာင္စီတပ္ကို အိႏိၵယႏိုင္ငံျခားေရးအတြင္းက ၂ ရက္ၾကာလာေရာက္ေတြ႔ဆံု

အိႏိၵယ ႏိုင္ငံျခားေရးအတြင္းဝန္ Harsh Shringla ဟာ ဒီဇင္ဘာလ ၂၁ ရက္ကေန ၂၂ ရက္ထိ ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕ကို ၂ ရက္ၾကာအလည္အပတ္ခရီးေရာက္လာၿပီး အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႔ဆံုၾကတယ္လုိ႔ The Hindu သတင္းစာမွာေဖာ္ျပထားပါတယ္။

“ခရီးစဥ္အတြင္း နိုင္ငံျခားေရးအတြင္းဝန္က နိုင္ငံေတာ္ အုပ္ခ်ဳပ္ေရး ေကာင္စီ၊ နိုင္ငံေရးပါတီေတြနဲ႔ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြနဲ႔ ေဆြးေႏြးမယ္။ ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ပံ့ပိုးကူညီမႈဆိုင္ရာ ကိစၥရပ္မ်ား၊ လုံျခဳံေရးႏွင့္ အိႏၵိယ-ျမန္မာ နယ္စပ္အေရးကိစၥမ်ားႏွင့္ ျမန္မာ့နိုင္ငံေရး အေျခအေနမ်ားကို ေဆြးေႏြးသြားမည္” လို႔ ျပည္ပေရးရာဝန္ႀကီးဌာန (MEA) က ဒီဇင္ဘာ ၂၁ ရက္ကထုတ္ျပန္ထားပါတယ္။

အိႏိၵယႏိုင္ငံ၊ မဏီပူရ္ျပည္နယ္နဲ႔ စစ္ကိုင္းတုိင္းအစပ္မွာ အာသံရိုင္ဖယ္တပ္က ဗုိလ္မွဴးၾကီးနဲ႔မိသားစုကို ၿပီးခဲ့တဲ့ ၾသဂုတ္လက ကသည္းသူပုန္ ေခၚ PLA တပ္က လုပ္ၾကံသတ္ျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ နယ္စပ္မ်ဥ္းကို အလြယ္တကူဝင္ထြက္လို႔မရေအာင္ မဏီပူရ္ နဲ႔ စစ္ကိုင္းတုိင္း နယ္နမိတ္ကို အိႏိၵယအစိုးရက သံဇကာနဲ႔ နယ္စပ္စည္းတေလွ်ာက္ကာယံလာၾကပါတယ္။

ယခု ခရီးစဥ္ဟာ ျမန္မာႏိုင္ငံက အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြကို အိႏိၵယအစိုးရက တိတ္တဆိပ္အသိအမွတ္ျပဳသလုိျဖစ္ေၾကာင္း၊ အာဏာသိမ္းၿပီးေနာက္ ျမန္မာစစ္တပ္ထံ လက္နက္ေထာက္ပံ့မႈ တားဆီးရန္ၾကိဳးပမ္းတဲ့ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ ဇြန္လက ဆံုးျဖတ္ခ်က္ကို အိႏိၵယက မေထာက္ခံေၾကာင္း၊ အာဏာသိမ္းၿပီးေနာက္ သံအမတ္ၾကီး Vinay Kumar အားခန္႔အပ္ျခင္းလည္း စစ္အစိုးရကိုအသိအမွတ္ျပဳတဲ့ လကၡဏာတစ္ရပ္ျဖစ္တယ္လုိ႔ The Hindu သတင္းမွာေဖာ္ျပထားတယ္။

အိႏၵိယနိုင္ငံျခားေရး အတြင္းဝန္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္နဲ႔ပတ္သက္ၿပီး India4Myanmar လႈပ္ရွားမႈ က “ျမန္မာနိုင္ငံသို႔ (၂) ရက္တာ လာေရာက္၍ စစ္ေကာင္စီ အဖြဲ႕၀င္မ်ားႏွင့္ ဆုံေတြ႕သည္ အိႏၵိယနိုင္ငံျခားေရး အတြင္းဝန္သည္ ျမန္မာစစ္တပ္ အလိုအပ္ဆုံးျဖစ္ေနသည့္ အသိအမွတ္ျပဳမႈ ကို ေပးအပ္ေနသည့္အတြက္ ၄င္းခရီးစဥ္ အား ရႈတ္ခ်သည္။ အိႏၵိယ ကုမဏီမ်ား၏ ျမန္မာစစ္တပ္ႏွင့္ ပက္သက္ဆက္ႏြယ္ေနသည့္ စီးပြားေရးလုပ္ငန္းမ်ား ရပ္ဆိုင္းရန္ ၊ အိႏၵိယအစိုးရ က ျမန္မာစစ္တပ္အား စစ္လက္နက္ပစၥည္းမ်ား ပံ့ပိုးေနမႈကို အခ်ိန္မဆိုင္း ရပ္တန႔္ရန္၊ အမ်ိဳးသားညီညြတ္ေရးအစိုးရ တာ၀န္ရွိသူမ်ားႏွင့္ ဆုံေတြ႕ရန္ ႏွင့္ ခ်င္းျပည္နယ္မွ အိႏၵိယသို႔ေရြ႕ေျပာင္းၾကရသည့္ အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ အသံကို နားေထာင္၍ စစ္ေဘးေရွာင္ျပည္သူမ်ားအေရး ထိထိေရာက္ေရာက္ေဆာင္ရြက္ရန္ အိႏၵိယ ဗဟိုအစိုးရအား ေတာင္းဆိုလိုက္သည္” လုိ႔ ၄င္းတုိ႔သေဘာထားကို ေဖာ္ျပထားပါတယ္။

အိႏိၵယႏိုင္ငံဟာ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္ထံ ဆက္လက္ၿပီး လက္နက္ေတြေရာင္းခ်ေနတယ္လုိ႔ Justice for Myanmar ကေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်