အိန္ဒိယနိုင်ငံက မြန်မာစစ်ဘေးရှောင် ၁ဦးကိုဗစ်နဲ့သေဆုံး၊ ယနေ့ဟားခါးတွင် ကိုဗစ်နဲ့ ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် တလန်ပီးကျေးရွာကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဖာရ်ကောရွာသို့ စစ်ဘေးရှောင်တဲ့ အသက် (၈၁ နှစ်)အရွယ်အမျိုးသမီးဟာ ယမန်နေ့ အောက်တိုဘာ ၄ ရက်ညနေပိုင်းတွင် ကိုဗစ်ရောဂါနဲ့သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းအမျိုးသမီးဟာ စက်တင်ဘာ ၂၇ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိပြီး ကိုဗစ်လူနာကုသဆောင်တွင်ထားရာ မနေ့ကသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာ ၅ ရက်တွင် ဟားခါးမြို့မှာ အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ယောက်နဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါနဲ့သေဆုံးကြတယ်။

Zawgyi





 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်