အိန္ဒိယနိုင်ငံတွင် နိုင်ငံသားကဒ်အတုကိုင်ဆောင်တဲ့မြန်မာနိုင်ငံသား ၂၈ ယောက်ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် မြန်မာ-အိန္ဒယနယ်စပ်မှာရှိတဲ့ မိုးလေးမြို့မှာ နိုင်ငံသားကဒ်အတုကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၂၈ ယောက်ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့တွင် မိုးလေးမြို့ စစ်ဆေးရေးဂိတ်မှာ မုံရွာဘက်ကနေ မဏိပူရ်ပြည်နယ်မှာ ယက်ကန်းယှက်ဖို့လာကြတဲ့ ကလေး ၃ ယောက်အပါအဝင် လူငယ် ၂၄ ယောက်ကို နိုင်ငံသားအတုကိုင်ဆောင်မှုနဲ့ဖမ်းဆီးခံကြပါတယ်။

ဒါ့ပြင် အောက်တိုဘာ ၉ ရက်နေ့တွင်လည်း မန္တလေးနဲ့ တမူးမြို့က ဂေါ်ရခါး ၄ ယောက်ကို နိုင်ငံသားကဒ်အတုကိုင်ဆောင်မှုနဲ့ထပ်မံဖမ်းဆီးခံရပါတယ်။
မိုးလေးမြို့က မြန်မာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “၂၄ ယောက်ဖမ်းဆီးခံရတုန်းက သူတို့ကိုလွှတ်ပေးဖို့ကြိုးစားနေတဲ့ချိန်မှာ နောက်ထပ် တဖွဲ့ဖမ်းခံရတော့ မရတော့ဘူး။ သူတို့ကို အင်ဖာမှာပို့ပြီးတော့ တရားရင်ဆိုင်ရမယ်လို့သိရတယ်။ ဒီကိစ္စကိုဗဟိုအဆင့်အထိ သိသွားတော့ မလွယ်ဘူး” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း မဏီပူရ်ပြည်နယ် အင်ဖာလေဆိပ်မှာ နိုင်ငံသားကဒ်အတုကိုင်ဆောင်မှုနဲ့ မြန်မာနိုင်ငံသား ၁၄ ဦးဖမ်းဆီးခံရတယ်။
ဒါ့ပြင် စက်တင်ဘာ ၁၂ ရက်က အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂိုဟာသီးမြို့မှာ ဒေလီမြို့ကိုသွားမယ့် မြန်မာနိုင်ငံသား ၂၆ ယောက်ကို နိုင်ငံသားကဒ်အတုကိုင်ဆောင်မှုနဲ့ ရဲတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ကြတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပို်င်း အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံသား ၆၈ ဦးကို နိုင်ငံသားကဒ်အတုကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခြင်းခံခဲ့ကြပါပြီ။

ဆက်စပ်သတင်းဖတ်ရှုလိုပါက – https://bit.ly/3iMON5j

Zawgyi

အိႏိၵယႏိုင္ငံတြင္ ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္တဲ့ျမန္မာႏိုင္ငံသား ၂၈ ေယာက္ဖမ္းဆီးခံရ

အိႏိၵယႏုိင္ငံ၊ မဏီပူရ္ျပည္နယ္ ျမန္မာ-အိႏၵယနယ္စပ္မွာရွိတဲ့ မိုးေလးၿမိဳ႕မွာ ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္ထားတဲ့ ျမန္မာႏိုင္ငံသား ၂၈ ေယာက္ဖမ္းဆီးခံရတယ္လုိ႔သတင္းရရွိပါတယ္။

ေအာက္တိုဘာလ ၆ ရက္ေန႔တြင္ မိုးေလးၿမိဳ႕ စစ္ေဆးေရးဂိတ္မွာ မံုရြာဘက္ကေန မဏိပူရ္ျပည္နယ္မွာ ယက္ကန္းယွက္ဖို႔လာၾကတဲ့ ကေလး ၃ ေယာက္အပါအဝင္ လူငယ္ ၂၄ ေယာက္ကို ႏိုင္ငံသားအတုကိုင္ေဆာင္မႈနဲ႔ဖမ္းဆီးခံၾကပါတယ္။

ဒါ့ျပင္ ေအာက္တုိဘာ ၉ ရက္ေန႔တြင္လည္း မႏၱေလးနဲ႔ တမူးၿမိဳ႕က ေဂၚရခါး ၄ ေယာက္ကို ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္မႈနဲ႔ထပ္မံဖမ္းဆီးခံရပါတယ္။

မိုးေလးၿမိဳ႕က ျမန္မာအေရးတက္ၾကြလႈပ္ရွားသူတစ္ဦးက “၂၄ ေယာက္ဖမ္းဆီးခံရတုန္းက သူတို႔ကိုလႊတ္ေပးဖုိ႔ၾကိဳးစားေနတဲ့ခ်ိန္မွာ ေနာက္ထပ္ တဖြဲ႔ဖမ္းခံရေတာ့ မရေတာ့ဘူး။ သူတုိ႔ကို အင္ဖာမွာပို႔ၿပီးေတာ့ တရားရင္ဆုိင္ရမယ္လုိ႔သိရတယ္။ ဒီကိစၥကိုဗဟိုအဆင့္အထိ သိသြားေတာ့ မလြယ္ဘူး” လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၃၀ ရက္ေန႔ကလည္း မဏီပူရ္ျပည္နယ္ အင္ဖာေလဆိပ္မွာ ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္မႈနဲ႔ ျမန္မာႏိုင္ငံသား ၁၄ ဦးဖမ္းဆီးခံရတယ္။

ဒါ့ျပင္ စက္တင္ဘာ ၁၂ ရက္က အိႏိၵယႏိုင္ငံ အာသံျပည္နယ္ ဂိုဟာသီးၿမိဳ႕မွာ ေဒလီၿမိဳ႕ကိုသြားမယ့္ ျမန္မာႏိုင္ငံသား ၂၆ ေယာက္ကို ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္မႈနဲ႔ ရဲေတြရဲ႕ဖမ္းဆီးျခင္းခံခဲ့ၾကတယ္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပို္င္း အိႏိၵယႏိုင္ငံမွာ ျမန္မာႏိုင္ငံသား ၆၈ ဦးကို ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္မႈနဲ႔ ဖမ္းဆီးျခင္းခံခဲ့ၾကပါၿပီ။

ဆက္စပ္သတင္းဖတ္ရႈလုိပါက – https://bit.ly/3iMON5j

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်