အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တွင် မတူပီမြို့နယ်က လူငယ် ၄ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်က လူငယ် ၄ ဦးဟာ ဇူလိုင်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ၊ လှောင်တလိုင်မြို့ကနေ ချင်းတောင်ဘက်ကို အပြန်တွင် ဇောင်းလိန်ရွာတွင် အာသံရိုင်ဖယ်စစ်သားများက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ခရီးသည်တစ်ဦးထံတွင် ငွေသား အမြောက်အများ သယ်ဆောင်ခဲ့တာကို အာသံရိုင်ဖယ်စစ်သားများက စစ်ဆေးတွေ့ရှိပြီး၊ ခရီးသည်များ၏ ဖုန်းများကိုလည်း စစ်ဆေးခဲ့ရာ အခုလို ဖမ်းဆီးခံထားရတာဖြစ်ကြောင်း သိရပါတယ်။

ခုချိန်မှာတော့ ဖမ်းဆီးခံထားရသော လူငယ်များဟာ ဘယ်နေရာ ရောက်နေတာလဲဆိုတာကိုလည်း သေချာ မသိရသေးကြောင်း မိသားစုဝင်များက ပြောပါတယ်။ ဖမ်းဆီးခံထားရသော လူငယ်များဟာ အသက် ၂၀ ကျော်အရွယ်လူငယ် အများစုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်