အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်သူတွေက မြန်မာစစ်ဘေးရှောင်တွေနဲ့ ကလေးမြို့ကိုဗစ်အတွက်အကူအညီပေးအပ်

အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်သူတွေက မီဇိုးရမ်ပြည်နယ် Hnarchhip ကျေးရွာမှာနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်လူဦးရေ ၂၀၀ ခန့် (မိသားစု ၃၄)ထံသို့ ဆန် ၂၅ အိတ်၊ ပဲနီလေး ၄ အိတ်၊ အာလူး ၅ အိတ်နဲ့ ဟင်းအမျိုးမျိုးကို မနေ့ဇူလိုင် ၂၁ ရက်ကလှူဒါန်းကြတယ်လို့သိရတယ်။

ယင်းအလှူတွေဟာ ယင်းကျေးရွာက ခရစ်ယာန်အသင်းတော်နဲ့ အသင်းသူအသင်းသားတွေထည့်ဝင်တဲ့ငွေ ကြေးကနေ ပေးလှူဖြစ်ပါတယ်။

ဒါ့ပြင် Sihphir ရွာမှာနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် ၁၅၀ ထံသို့ ယင်း ကျေးရွာလူထုနဲ့ YMA (Yong Mizo Association) က မွှေ့ယာ၊ စောင်၊ ဆေးဝါး၊ ကလေးကစားစရာများ၊ ဟင်းအမျိုးမျိုးပေးအပ်လှူဒါန်းကြပါတယ်။

ယင်းကျေးရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ယခင်က အိုက်ဇောလ်မြို့တွင်နေထိုင်ကြပေမယ့် ၎င်းတို့နေထိုင်တဲ့ခန်းမကို ကိုဗစ်စင်တာအတွက်ပြောင်းလဲအသုံးပြုမှာဖြစ်တဲ့တွက်ရွေ့ပြောင်းကြတာဖြစ်တယ်။

Zalen ad

ကျန်ဖိုင်မြို့သစ်က ဂိုဏ်းပေါင်းစုံ အသင်းတော်အမျိုးသမီးများအဖွဲ့က မြန်မာစစ်ဘေးရှောင်တွေအတွက် မြန်မာငွေ သိန်း ၂၀ ကျော်ကို YMA အဖွဲ့ထံပေးအပ်ခဲ့ကြပါတယ်။

မီဇိုးရမ်ပြည်နယ်အခြေစိုက် Zofa Global Network က ကလေးမြို့ ကိုဗစ်လူနာတွေအတွက် နာကူအသင်းတွေထံ အိမ်သုံးအောက်ဆီဂျင်စက် ၃ လုံးနဲ့ ငွေသား ကျပ်သိန်း ၂၀ ပေးအပ်လှူဒါန်းကြပါတယ်။

ဒါ့ပြင် နယ်စပ် ရိခေါ်ဒါရ်မြို့အနီးတဝိုက်က ကျေးရွာများတွင်လည်း ကိုဗစ် Test Kit တွေလှူဒါန်းထားပါတယ်။ ခုချိန်မှာ မီဇိုးရမ်ပြည်သူတွေဟာ ကလေးမြို့နဲ့ ချင်းပြည်နယ်က ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်လှူဒါန်းနိုင်ဖို့ အလှူငွေကောက်ခံလျက်ရှိပါတယ်။

(Zawgyi)
အိႏၵိယႏိုင္ငံ မီဇိုးရမ္ျပည္သူေတြက ျမန္မာစစ္ေဘးေရွာင္ေတြနဲ႔ ကေလးၿမိဳ႕ကိုဗစ္အတြက္အကူအညီေပးအပ္

အိႏၵိယႏိုင္ငံ မီဇိုးရမ္ျပည္သူေတြက မီဇိုးရမ္ျပည္နယ္ Hnarchhip ေက်း႐ြာမွာေနထုိင္တဲ့ ၿမန္မာစစ္ေဘးေရွာင္လူဦးေရ ၂၀၀ ခန႔္ (မိသားစု ၃၄)ထံသို႔ ဆန္ ၂၅ အိတ္၊ ပဲနီေလး ၄ အိတ္၊ အာလူး ၅ အိတ္နဲ႔ ဟင္းအမ်ိဳးမ်ိဳးကို မေန႔ဇူလိုင္ ၂၁ ရက္ကလႉဒါန္းၾကတယ္လို႔သိရတယ္။

ယင္းအလႉေတြဟာ ယင္းေက်း႐ြာက ခရစ္ယာန္အသင္းေတာ္နဲ႔ အသင္းသူအသင္းသားေတြထည့္ဝင္တဲ့ေငြ ေၾကးကေန ေပးလႉျဖစ္ပါတယ္။

ဒါ့ျပင္ Sihphir ႐ြာမွာေနထုိင္တဲ့ ျမန္မာစစ္ေဘးေရွာင္ ၁၅၀ ထံသို႔ ယင္း ​ေက်း႐ြာလူထုနဲ႔ YMA (Yong Mizo Association) က ေမႊ႕ယာ၊ ေစာင္၊ ေဆးဝါး၊ ကေလးကစားစရာမ်ား၊ ဟင္းအမ်ိဳးမ်ိဳးေပးအပ္လႉဒါန္းၾကပါတယ္။

ယင္းေက်း႐ြာမွာေနထိုင္တဲ့ စစ္ေဘးေရွာင္ေတြဟာ ယခင္က အိုက္ေဇာလ္ၿမိဳ႕တြင္ေနထိုင္ၾကေပမယ့္ ၎တို႔ေနထိုင္တဲ့ခန္းမကို ကိုဗစ္စင္တာအတြက္ေျပာင္းလဲအသုံးျပဳမွာျဖစ္တဲ့တြက္ေ႐ြ႕ေျပာင္းၾကတာျဖစ္တယ္။

က်န္ဖိုင္ၿမိဳ႕သစ္က ဂိုဏ္းေပါင္းစုံ အသင္းေတာ္အမ်ိဳးသမီးမ်ားအဖြဲ႕က ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ ျမန္မာေငြ သိန္း ၂၀ ေက်ာ္ကို YMA အဖြဲ႕ထံေပးအပ္ခဲ့ၾကပါတယ္။

မီဇိုးရမ္ျပည္နယ္အေျခစိုက္ Zofa Global Network က ကေလးၿမိဳ႕ ကိုဗစ္လူနာေတြအတြက္ နာကူအသင္းေတြထံ အိမ္သုံးေအာက္ဆီဂ်င္စက္ ၃ လုံးနဲ႔ ေငြသား က်ပ္သိန္း ၂၀ ေပးအပ္လႉဒါန္းၾကပါတယ္။

ဒါ့ျပင္ နယ္စပ္ ရိေခၚဒါရ္ၿမိဳ႕အနီးတဝိုက္က ေက်း႐ြာမ်ားတြင္လည္း ကိုဗစ္ Test Kit ေတြလႉဒါန္းထားပါတယ္။ ခုခ်ိန္မွာ မီဇိုးရမ္ျပည္သူေတြဟာ ကေလးၿမိဳ႕နဲ႔ ခ်င္းျပည္နယ္က ကိုဗစ္လူနာေတြအတြက္ ေအာက္ဆီဂ်င္လႉဒါန္းႏိုင္ဖို႔ အလႉေငြေကာက္ခံလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်