အိန္ဒိယ-မြန်မာနယ်စပ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ရာ တရွာလုံးအိန္ဒိယသို့ထွက်ပြေး

နိုင်ငံကျော်တေးရေးဆရာ ဆလိုင်းသောနရဲ့ဇာတိ ဖလမ်းမြို့နယ် စာတွာမ်ကျေးရွာ (Satawm khua) မှာ ဒီနေ့စက်တင်ဘာ ၁၇ ရက် မနက် ၁ဝး၅၀ အချိန်က အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

စာတွာမ်ရွာသားတဦးက “အစမှာတော့ ရွာကနေ ၂ ဖာလုံလောက်ဝေးတဲ့နေရာမှာ စပြီးတော့ပစ်ကြတယ်။ ပြီးတော့ ရွာထဲမှာထပ်ပစ်ကြတယ်။ အိမ်ပြင်မထွက်ရဲကတော့ ဘယ်သူတွေပစ်ကြတာလဲဆိုတာမသိဘူး။ ခုတော့ တရွာလုံး အိန္ဒိယနိုင်ငံ မီဇိုရမ်းဘက်ကိုထွက်ပြေးကြပြီ။ ရွာထဲကလူ ထိခိုက်တာမရှိဘူးလို့တော့ကြားတယ်” လို့ပြောပါတယ်။

စာတွာမ်ကျေးရွာဟာ အိမ်ခြေ ၆၅ အိမ်ကျော်လောက်ရှိပြီး အိန္ဒိယနယ်စပ်မှာရှိပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး CDNF တပ်ဖွဲ့ဘက်က တာဝန်ရှိပုဂ္ဂိိုလ်တွေကိုမေးမြန်းရာ ၄င်းတို့အဖွဲ့နဲ့ပစ်ခတ်တာဖြစ်ကြောင်း၊ သတင်းအသေးစိတ်ကို မသိရသေးကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

သီဘွာလ်ကျေးရွာတပ်စခန်းအနီးမှာ နွားနောက်တကောင်က မြေမြုပ်မိုင်း ၂ လုံးနှင်မိလို့ပေါက်ကွဲတဲ့ချိန်ကစပြီး အနီးနားကျေးရွာကပြည်သူတွေဟာ အထိပ်တလန့်ဖြစ်ပြီး အိန္ဒိယဘက်သို့ထွက်ပြေးတဲ့သူ တိုးလာပါတယ်။

Zawgyi

အိႏိၵယ-ျမန္မာနယ္စပ္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တုိ႔တိုက္ပြဲျဖစ္ရာ တရြာလံုးအိႏိၵယသို႔ထြက္ေျပး

ႏိုင္ငံေက်ာ္ေတးေရးဆရာ ဆလုိင္းေသာနရဲ႕ဇာတိ ဖလမ္းၿမိဳ႕နယ္ စာတြာမ္ေက်းရြာ (Satawm khua) မွာ ဒီေန႔စက္တင္ဘာ ၁၇ ရက္ မနက္ ၁၀း၅၀ အခ်ိန္က အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တုိ႔တိုက္ပြဲျဖစ္ပြားတယ္လို႔သတင္းရရွိပါတယ္။

စာတြာမ္ရြာသားတဦးက “အစမွာေတာ့ ရြာကေန ၂ ဖာလံုေလာက္ေဝးတဲ့ေနရာမွာ စၿပီးေတာ့ပစ္ၾကတယ္။ ၿပီးေတာ့ ရြာထဲမွာထပ္ပစ္ၾကတယ္။ အိမ္ျပင္မထြက္ရဲကေတာ့ ဘယ္သူေတြပစ္ၾကတာလဲဆိုတာမသိဘူး။ ခုေတာ့ တရြာလံုး အိႏိၵယႏိုင္ငံ မီဇိုရမ္းဘက္ကိုထြက္ေျပးၾကၿပီ။ ရြာထဲကလူ ထိခိုက္တာမရွိဘူးလုိ႔ေတာ့ၾကားတယ္” လုိ႔ေျပာပါတယ္။

စာတြာမ္ေက်းရြာဟာ အိမ္ေျခ ၆၅ အိမ္ေက်ာ္ေလာက္ရွိၿပီး အိႏိၵယနယ္စပ္မွာရွိပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး CDNF တပ္ဖြဲ႔ဘက္က တာဝန္ရွိပုဂိၢိဳလ္ေတြကိုေမးျမန္းရာ ၄င္းတို႔အဖြဲ႔နဲ႔ပစ္ခတ္တာျဖစ္ေၾကာင္း၊ သတင္းအေသးစိတ္ကို မသိရေသးေၾကာင္းျပန္လည္ေျဖၾကားခဲ့ပါတယ္။

သီဘြာလ္ေက်းရြာတပ္စခန္းအနီးမွာ ႏြားေနာက္တေကာင္က ေျမျမဳပ္မုိင္း ၂ လံုးႏွင္မိလို႔ေပါက္ကြဲတဲ့ခ်ိန္ကစၿပီး အနီးနားေက်းရြာကျပည္သူေတြဟာ အထိပ္တလန္႔ျဖစ္ၿပီး အိႏိၵယဘက္သို႔ထြက္ေျပးတဲ့သူ တိုးလာပါတယ္။

 

 

 

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်