အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် မိုင်းနင်းမိလို့ အိန္ဒိယနိုင်ငံသားတစ်ဦးထိခိုက်ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ မိုးရေးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး မိုင်းနင်းမိတာကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီခွဲတွင် ခြေထောက်၊ လက်နဲ့ မျက်နှာမှာ ဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ကျောက်တိုင်အမှတ် ၈၀ နဲ့ ၈၁ ကြားတွင် အိန္ဒိယနိုင်ငံသား Jerom Birla (၃၆နှစ်) အလုပ်လုပ်နေစဉ်မိုင်းနင်းမိတာကြောင့် ပေါက်ကွဲလို့ ပေါင်၊ လက်ချောင်၊ နဲ့ မျက်နှာတွင်ထိခိုက်ဒဏ်ရာရရှိလို့ မိုးရေးဆေးရုံသို့ပို့ဆောင်ကာ အင်ဖာမြို့သို့ပြန်လည် လွှဲပြောင်းကုသပေးခဲ့တယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်