အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းတောင်ကုန်းပေါ်မှာ စစ်ကောင်စီတပ်တွေ စခန်းချနေရာယူ

အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် (၂)ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းပေါ်မှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လည်လောက်ကစပြီး စစ်ကောင်စီတပ်သား ၃၅ ဦးလောက် လာရောက် စခန်းချကြတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “မနေ့တနေ့ (ဖေဖော်ဝါရီ ၂၇)က ရဟတ်ယာဉ်နဲ့ စစ်ခွေး ၁၇ ယောက်လာချတယ်တဲ့။ မနေ့ နေ့လည်ပိုင်းမှာ ရိခေါ်ဒါရ်မြို့စွန် သင်္ချိုင်းကုန်းဟောင်းနားမှာ စစ်ခွေး ၃၅ ယောက်လာ စခန်းလာချကြတယ်။ အိမ်ပိုင်ရှင်မိသားစုကို တခြားနေရာပြောင်းခိုင်းပြီးတော့ အဲ့မှာနေကြတာ။ အဲ့နေရာက ဗျူဟာကျတယ်။ ဒေသကာကွယ်ရေးတပ်တွေနဲ့ နယ်မြေစိုးမိုးရေး လုနေကြတဲ့ သဘောလို့ပဲမြင်တယ်” လို့ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေ မြို့စွန်တောင်ကုန်းပေါ်မှာ နေရာယူလာတာကြောင့် ကလေးမြို့ဘက်ကနေ တက်လာတဲ့ ကားတွေကို ဒေသကာကွယ်ရေးတပ်တွေက လိုင်သွီးရွာကနေ ရပ်နားခိုင်းပြီး အခြေအနေကို စောင့်ကြည့်ခိုင်းကြတယ်လို့သိရတယ်။

စစ်ကောင်စီတပ်တွေဟာ ရိရေကန်ကနေ ဖလမ်းမြို့ဘက်သွားတဲ့ ၎င်းတို့စခန်းမှာသာ အရင်ကတော့ နေကြပါတယ်။ အခု စခန်းသစ်ချလာတဲ့နေရာဟာ ရိခေါ်ဒါရ်ကနေ ဖလမ်းမြို့ဘက်သွားတဲ့ ဒုတိယလမ်းဘေးမှာဖြစ်သလို ရိခေါ်ဒါရ်ကနေ တီးတိန်-ကလေးမြို့ဘက်ဆင်းတဲ့ ကားလမ်းကိုလည်း အပေါ်စီးကနေ မြင်နိုင်တဲ့နေရာဖြစ်ပါတယ်။

Zawgyi

အိႏိၵယ-ျမန္မာနယ္စပ္ တီအိုေခ်ာင္းေတာင္ကုန္းေပၚမွာ စစ္ေကာင္စီတပ္ေတြ စခန္းခ်ေနရာယူ

အိႏိၵယ-ျမန္မာနယ္စပ္ ဖလမ္းၿမိဳ႕နယ္၊ ရိေခၚဒါရ္ၿမိဳ႕အမွတ္ (၂)ရပ္ကြက္ (တီအိုေခ်ာင္း) ေတာင္ကုန္းေပၚမွာ ယမန္ေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္ ေန႔လည္ေလာက္ကစၿပီး စစ္ေကာင္စီတပ္သား ၃၅ ဦးေလာက္ လာေရာက္ စခန္းခ်ၾကတယ္လုိ႔ ေဒသခံေတြထံက သတင္းရရွိပါတယ္။

ေဒသခံတစ္ဦးက “မေန႔တေန႔ (ေဖေဖာ္ဝါရီ ၂၇)က ရဟတ္ယာဥ္နဲ႔ စစ္ေခြး ၁၇ ေယာက္လာခ်တယ္တဲ့။ မေန႔ ေန႔လည္ပိုင္းမွာ ရိေခၚဒါရ္ၿမိဳ႕စြန္ သခၤ်ဳိင္းကုန္းေဟာင္းနားမွာ စစ္ေခြး ၃၅ ေယာက္လာ စခန္းလာခ်ၾကတယ္။ အိမ္ပိုင္ရွင္မိသားစုကို တျခားေနရာေျပာင္းခိုင္းၿပီးေတာ့ အဲ့မွာေနၾကတာ။ အဲ့ေနရာက ဗ်ဴဟာက်တယ္။ ေဒသကာကြယ္ေရးတပ္ေတြနဲ႔ နယ္ေျမစိုးမိုးေရး လုေနၾကတဲ့ သေဘာလုိ႔ပဲျမင္တယ္” လုိ႔ေျပာပါတယ္။

အခုလို စစ္ေကာင္စီတပ္သားေတြ ၿမိဳ႕စြန္ေတာင္ကုန္းေပၚမွာ ေနရာယူလာတာေၾကာင့္ ကေလးၿမိဳ႕ဘက္ကေန တက္လာတဲ့ ကားေတြကို ေဒသကာကြယ္ေရးတပ္ေတြက လုိင္သြီးရြာကေန ရပ္နားခုိင္းၿပီး အေျခအေနကို ေစာင့္ၾကည့္ခိုင္းၾကတယ္လုိ႔သိရတယ္။

စစ္ေကာင္စီတပ္ေတြဟာ ရိေရကန္ကေန ဖလမ္းၿမိဳ႕ဘက္သြားတဲ့ ၄င္းတို႔စခန္းမွာသာ အရင္ကေတာ့ ေနၾကပါတယ္။ အခု စခန္းသစ္ခ်လာတဲ့ေနရာဟာ ရိေခၚဒါရ္ကေန ဖလမ္းၿမိဳ႕ဘက္သြားတဲ့ ဒုတိယလမ္းေဘးမွာျဖစ္သလုိ ရိေခၚဒါရ္ကေန တီးတိန္-ကေလးၿမိဳ႕ဘက္ဆင္းတဲ့ ကားလမ္းကိုလည္း အေပၚစီးကေန ျမင္ႏိုင္တဲ့ေနရာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်