အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းတွင် ရေနစ်ပျောက်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတစ်ဦး ၃ ရက်ကြာတဲ့ထိ မတွေ့နိုင်သေး

အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းတွင် ရေချိုးရင်း ဇူလိုင် ၂ ရက်နေ့က ရေနစ်ပျောက်ဆုံးသွားတဲ့ Salai Run Lian Cung (၁၅နှစ်) အလောင်းကို ယနေ့ ဇူလိုင် ၅ ရက်နေ့ထိပြန်မတွေ့ကြသေးဘူးလို့ သတင်းရရှိထားပါတယ်။

Salai Run Lian Cung ဟာ ဟားခါးမြို့မှာနေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ နွားမောင်းနေစဉ် ထန်တလန်မြို့နယ်နဲ့ မီဇိုရမ်ပြည်နယ်ကြား တီအိုချောင်းတွင် ချောင်းရေချိုးစဉ် ရေထဲမျှောပါပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။

ယင်းကဲ့သို့ ရေထဲမျှောပါနေစဉ် ၎င်းသူငယ်ချင်းများက လိုက်လံကယ်ဆယ်ဖို့ကြိုးစားကြပေမယ့် မအောင်မြင်ခဲ့ပါ။ မိုးရာသီကာလမှာ တီအိုချောင်းဟာ ရေများပြီး ရေစီးသန်တာကြောင့် ရေကူးတတ်သူများလည်း မတော်တဆဖြစ်လေ့ရှိပါတယ်။

Salai Run Lian Cung အလောင်းကို မီဇိုရမ်ပြည်နယ်နဲ့ ထန်တလန်မြို့နယ်က အနီးနားကျေးရွာသားတွေက နေ့တိုင်းရှာဖွေကြပေမယ့် ယနေ့ ဇူလိုင် ၅ ရက်နေ့ထိမတွေ့ကြသေးပါ။

Zawgyi

အိႏၵိယ-ျမန္မာနယ္စပ္ တီအိုေခ်ာင္းတြင္ ေရနစ္ေပ်ာက္ဆုံးသြားတဲ့ ျမန္မာႏိုင္ငံသားတစ္ဦး ၃ ရက္ၾကာတဲ့ထိ မေတြ႕ႏိုင္ေသး

အိႏၵိယ-ျမန္မာနယ္စပ္ တီအိုေခ်ာင္းတြင္ ေရခ်ိဳးရင္း ဇူလိုင္ ၂ ရက္ေန႔က ေရနစ္ေပ်ာက္ဆုံးသြားတဲ့ Salai Run Lian Cung (၁၅ႏွစ္) အေလာင္းကို ယေန႔ ဇူလိုင္ ၅ ရက္ေန႔ထိျပန္မေတြ႕ၾကေသးဘူးလို႔ သတင္းရရွိထားပါတယ္။

Salai Run Lian Cung ဟာ ဟားခါးၿမိဳ႕မွာေနထိုင္သူျဖစ္ၿပီး အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္သို႔ ႏြားေမာင္းေနစဥ္ ထန္တလန္ၿမိဳ႕နယ္နဲ႔ မီဇိုရမ္ျပည္နယ္ၾကား တီအုိေခ်ာင္းတြင္ ေခ်ာင္းေရခ်ိဳးစဥ္ ေရထဲေမွ်ာပါေပ်ာက္ဆုံးသြားျခင္းျဖစ္ပါတယ္။

ယင္းကဲ့သို႔ ေရထဲေမွ်ာပါေနစဥ္ ၎သူငယ္ခ်င္းမ်ားက လိုက္လံကယ္ဆယ္ဖို႔ႀကိဳးစားၾကေပမယ့္ မေအာင္ျမင္ခဲ့ပါ။ မိုးရာသီကာလမွာ တီအိုေခ်ာင္းဟာ ေရမ်ားၿပီး ေရစီးသန္တာေၾကာင့္ ေရကူးတတ္သူမ်ားလည္း မေတာ္တဆျဖစ္ေလ့ရွိပါတယ္။

Salai Run Lian Cung အေလာင္းကို မီဇိုရမ္ျပည္နယ္နဲ႔ ထန္တလန္ၿမိဳ႕နယ္က အနီးနားေက်း႐ြာသားေတြက ေန႔တိုင္းရွာေဖြၾကေပမယ့္ ယေန႔ ဇူလိုင္ ၅ ရက္ေန႔ထိမေတြ႕ၾကေသးပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်