အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ်မှာ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်းတွေ့ရှိ

၂၁၊ မေလ၊ ၂၀၂၄

Zalen

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ပလက်၀မြို့နယ်မှာ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်းကို တွေ့ရှိထားတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

ပလက်ဝမြို့နယ် ဒေသခံတွေက အဲ့ဒီ အလောင်းကို ပြီးခဲ့တဲ့ မေလ (၁၈) ရက်နေ့တာ တွေ့ရှိထားတာဖြစ်လို့ ဘယ်သူ့ အလောင်းတွေလဲဆိုတာ ဒီနေ့ထိ မသိရသေးဘူးလို့ ဆိုပါတယ်။

Zalen ad

အလောင်းတွေ့တဲ့ နေရာအနားမှာ အာရက္ခတပ်တော် (AA) တပ်စခန်းလည်း ရှိတယ်လို့ ပြောပေမယ့် Zalen အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။

“ပလက်ဝက လူတွေက ၁၈ ရက်နေ့က တွေ့ကြတာ။ အလောင်းက ကြာနေပြီ။ ဘယ်သူတွေ အလောင်းလဲဆိုတာ မသိရသေးဘူး။ ယောကျာ်းလေး နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေ။ အဲ့အနားမှာလည်း AA စခန်းရှိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ အလောင်းတွေဟာ ပလက်ဝဒေသခံတွေရဲ့ အလောင်းဖြစ်မယ်လို့ ဒေသခံအများစုက ပြောဆိုကြပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်က ဒေသခံအများစုဟာ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးမှုတွေ ရက်ဆက်ရှိနေသလို အဲ့ဒီ ထွက်ပြေးတဲ့ ပလက်ဝဒေသခံတွေဟာ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရဘဲ ပျောက်ဆုံးတာလည်း ရှိတယ်လို့ ဆိုပါတယ်။

“ကုလားချောင်းဘက်က လူငယ်တွေလည်း မီဇိုရမ်ဘက် ထွက်ပြေးကြတာ အဆက်သွယ်မရဘူး ပြောတယ်။ ပြီးတော့ ပီချောင်းဘက်က လူငယ်တွေလည်း ပျောက်တာတွေရှိတယ်။ အခုအလောင်းတွေလည်း ချင်းလူမျိုးတွေဖြစ်ဖို့များတယ်။”လို့ နောက်ထပ် ဒေသခံတစ်ဦးက ဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ AA က ထိန်းချုပ်ပြီးနောက် AA ရဲ့ တပ်သားသစ် စုဆောင်းတာ၊ လုပ်အားပေးစေခိုင်းတာတွေကြောင်း ဒေသခံတွေဟာ မီဇိုရမ်ဘက် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း ဘောင်ဝီးရွာနဲ့ ဘောင်ကူးရွာက ကျောင်းဆရာနှစ်ဦးအပါဝင် AA က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့ထိ အဆက်သွယ်ပြတ်နေပါတယ်။

သတင်း – ဆလိုင်းအောက်ချင်း

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်