အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့တွင် ညသန်ခေါင်ယံမှာ ရဟတ်ယာဉ်ဆင်းသက်

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်စခန်းမှာ မနေ့ မတ်လ ၁ ရက် ည ၁၂ နာရီလောက်က ရဟတ်ယာဉ်တစ်စီး ဆင်းသက်သွားတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “ညမှာ ရဟတ်ယာဉ်ဆင်းလာတယ်လို့ ပြောနေကြတယ်။ တချို့ကျတော့မသိဘူး။ ရဟတ်ယာဉ်က အရင်တုန်းကလို အမြင့်ကြီးမပျံတော့ပဲ နိမ့်နိမ့်လေးနဲ့ပျံတော့ အသံကအဝေးကြီးကနေ မကြားရတော့ဘူး” လို့ပြောပါတယ်။

ပြီးတော့ ယနေ့ မတ်လ ၂ ရက်နေ့တွင်လည်း ရိခေါ်ဒါရ် အမှတ် (၂)ရပ်ကွက်က မြေထိုးစက်ရှိတဲ့အိမ်တွေကို စစ်တပ်က ဖုန်းဆက်ပြီး ၎င်းတို့အသစ်ပြောင်းရွှေ့လာတဲ့ တီအိုချောင်းတောင်ကုန်းပေါ်က ကင်းစခန်းကို မြေတူးပေးဖို့ ပြောကြတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ရိခေါ်ဒါရ်အမှတ် (၂)ရပ်ကွက်တောင်ကုန်းပေါ်က ဗျူဟာကျတဲ့ နေရာ ၃ နေရာမှာ ကင်းစခန်းအသစ်ချလာပြီး အနီးနားရှိလူနေအိမ်က ပြည်သူတွေလည်း ပြောင်းရွှေ့ခိုင်းကြတယ်လို့သိရတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းကလည်း စစ်ရဟတ်ယာဉ်တစ်စီးဟာ ရိခေါ်ဒါရ်၊ ဖလမ်းနဲ့ ဟားခါးမြို့တွင် ဆင်းသက်လာခဲ့ပါတယ်။

Zawgyi

အိႏၵိယ-ျမန္မာနယ္စပ္ ရိေခၚဒါရ္ၿမိဳ႕တြင္ ညသန္ေခါင္ယံမွာ ရဟတ္ယာဥ္ဆင္းသက္

အိႏၵိယ-ျမန္မာနယ္စပ္ ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕ တပ္စခန္းမွာ မေန႔ မတ္လ ၁ ရက္ ည ၁၂ နာရီေလာက္က ရဟတ္ယာဥ္တစ္စီး ဆင္းသက္သြားတယ္လို႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

ေဒသခံတစ္ဦးက “ညမွာ ရဟတ္ယာဥ္ဆင္းလာတယ္လို႔ ေျပာေနၾကတယ္။ တခ်ိဳ႕က်ေတာ့မသိဘူး။ ရဟတ္ယာဥ္က အရင္တုန္းကလို အျမင့္ႀကီးမပ်ံေတာ့ပဲ နိမ့္နိမ့္ေလးနဲ႔ပ်ံေတာ့ အသံကအေဝးႀကီးကေန မၾကားရေတာ့ဘူး” လို႔ေျပာပါတယ္။

ၿပီးေတာ့ ယေန႔ မတ္လ ၂ ရက္ေန႔တြင္လည္း ရိေခၚဒါရ္ အမွတ္ (၂)ရပ္ကြက္က ေျမထိုးစက္ရွိတဲ့အိမ္ေတြကို စစ္တပ္က ဖုန္းဆက္ၿပီး ၎တို႔အသစ္ေျပာင္းေ႐ႊ႕လာတဲ့ တီအိုေခ်ာင္းေတာင္ကုန္းေပၚက ကင္းစခန္းကို ေျမတူးေပးဖို႔ ေျပာၾကတယ္လို႔သတင္းရရွိပါတယ္။

စစ္ေကာင္စီတပ္ဟာ ရိေခၚဒါရ္အမွတ္ (၂)ရပ္ကြက္ေတာင္ကုန္းေပၚက ဗ်ဴဟာက်တဲ့ ေနရာ ၃ ေနရာမွာ ကင္းစခန္းအသစ္ခ်လာၿပီး အနီးနားရွိလူေနအိမ္က ျပည္သူေတြလည္း ေျပာင္းေ႐ႊ႕ခိုင္းၾကတယ္လို႔သိရတယ္။

ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔ မနက္ပိုင္းကလည္း စစ္ရဟတ္ယာဥ္တစ္စီးဟာ ရိေခၚဒါရ္၊ ဖလမ္းနဲ႔ ဟားခါးၿမိဳ႕တြင္ ဆင္းသက္လာခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်