အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးပြန်စတင်ဖို့အတွက် အိန္ဒိယနဲ့ စစ်ကောင်စီတို့ သဘောတူ

၁၇၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စတင်နိုင်ဖို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်နဲ့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး ရှရီ ဂျစ်စတင် ပရက်ဆာဒါ (Shri Jitin Prasada) တို့ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယအခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ India Shipping News ရဲ့ ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့ သတင်းမှာ ဖော်ပြပါတယ်။

Zalen ad

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးကိုမြှင့်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကုန်လမ်းကတဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်စတင်ဖို့ အရေးကြီးပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ နှစ်ဖက်သဘောတူခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

အိန္ဒိယနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်ဂိတ်အများစုဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတာဖြစ်ပေမယ့် အိန္ဒိယအစိုးရဟာ နယ်စပ်ကုန်သွယ်ရေးအတွက် စစ်ကောင်စီတပ်နဲ့ ဆွေးနွေးနေတာဟာ လက်တွေ့မကျဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်မယ်ဆိုတာ သတင်းကောင်းပါ၊ ဒါပေမယ့် မြန်မာ နယ်စပ်ဂိတ်တွေက တော်လှန်ရေးတွေပဲ ထိန်းချုပ်ထားတာလေ။ စစ်ကောင်စီနဲ့ဘဲ အိန္ဒိယက ဆွေးနွေးတာတွေလုပ်နေတယ်။ အမှန်တော့ တော်လှန်ရေးတပ်တွေနဲ့ တွေ့ရမှာ။ ” လို့ ရိခေါ်ဒါရ်မြို့မှာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ စီးပွားရေးဝန်ကြီးနဲ့ အိန္ဒိယစီးပွားရေးဝန်ကြီးတို့ဟာ အိမ်သုံးဆေးဝါး၊ ပဲမျိုးစုံနဲ့ ရေနံထွက်ကုန် ကဏ္ဍတွေမှာ နှစ်နိုင်ငံကုန်သွယ်ရေး အလားအလာအပေါ်မှာ လည်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် ကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံနဲ့ ၂၀၂၃- ၂၀၂၄ ခုနှစ်မှာ ၁ ဒသမ ၇၄ ဘီလီယံရှိခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

Rosy

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်