အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မယ့် နေရာများကို ကွင်းဆင်းလေ့လာ

ဇန်နဝါရီ ၃၀ ၊ ၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် နယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ တာဝန်ရှိသူများက မြေပြင်ဆင်းပြီး ကွင်းဆင်းလေ့လာနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၈ ရက်မှာ နယ်စပ်လမ်းအဖွဲ့အစည်း ( Border Road Organization – BRO ) အရာရှိများနဲ့ အာသံရိုင်ဖယ်ခေါင်းဆောင်တချို့ဟာ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ် တီအိုချောင်းအနီးအနားမှာ ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ယခုကွင်းဆင်းစစ်ဆေးနေတဲ့နေရာဟာ မီဇိုရမ်ပြည်နယ်၊ Hnahthial ခရိုင်ထဲမှာဖြစ်ပြီး Hnahthial ခရိုင်အတွင်း တခုတည်းသောဝင်/ထွက်ပေါက်ဖြစ်တဲ့ Thingsai ကျေးရွာ နဲ့ အနီးတဝိုက်ကို ကွင်းဆင်လေ့လာခြင်းဖြစ်ကာ BRO ဘက်မှ Umesh Kumar နဲ့ အာသံရိုင်ဖယ်ဘက်မှ Naik Subedar Pritam Chand တို့ ဦးဆောင်ခဲ့ကြတယ် လို့သိရပါတယ်။

Zalen ad

နယ်စပ်ခြံစည်းရိုးခတ်မယ့်နေရာ ကွင်းဆင်းလေ့လာခြင်းကို အဖွဲ့အစည်းအသီးအသီးမှ ကိုယ်စားလှယ်များက ပြုလုပ်လေ့ရှိပေမယ့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ဆုံးဖြတ်ချက်အရ ဒီတာဝန်ကို BRO နဲ့ အာသံရိုင်ဖယ်ထံ တာဝန်ပေးထားတာကြောင့် လက်ရှိမှာ သူတို့ကတာဝန်ယူ လေ့လာနေတာ ဖြစ်ပါတယ်။

ယခုလိုနယ်စပ်ခြံစည်းရိုးခတ်မယ့် အစီစဉ်ကို အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်စီစဉ်နေခြင်းဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းက ချင်း (ဇို ) လူမျိုးများကို ကွဲပြားစေမှာဖြစ်လို့ ကန့်ကွက်ကြောင်း မီဇိုရမ် ပြည်နယ်အစိုးရ၊အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြတဲ့ CYMA နဲ့ ZORO တို့အပြင် မီဇိုရမ်ပြည်နယ်ထဲက အဖွဲ့အစည်းအများအပြားက ပြောဆိုထား ကြပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#BorderRoadOrganization#အာသံရိုင်ဖယ်#နယ်စပ်#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ ဗားရ်တံတားအနီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့်နေအိမ်အချို့ပျက်စီး

မတ် ၁၄ ၊ ၂၀၂၆ Zalen ၂၀၂၃ခုနှစ် ဧပြီလဆန်းထဲက ချင်းအမျိုးသားကာကွယ်ရေး(CNDF)တပ်ဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ ကျေးရွာစခန်းကို ယမန်နေ့ မတ်လ ၁၃ရက် နံနက်ပိုင်း ၁၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ...

ဆက်ဖတ်ရန်