အိန္ဒိယ-မြန်မာ နယ်စပ်တွင် အာသံရိုင်ဖယ်တပ်က တရားမဝင်ကျွန်းသစ်နဲ့ မူးယစ်ဆေးဝါး ရူပီး ၄ ဘီလီယံဖိုးဖမ်းဆီးသိမ်းဆည်း

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် မြန်မာနယ်စပ်နားမှာ အာသံရိုင်ဖယ်တပ်က တရားမဝင်တင်သွင်းလာတဲ့ ကျွန်းသစ်နဲ့ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ၄ ဘီလီယံဖိုးကို ဒီရက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ အာသံရိုင်ဖယ်တပ်က ထုတ်ပြန်ထားပါတယ်။

အာသံရိုင်ဖယ်တပ်ဆိုတာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက ပြည်နယ်တွေရဲ့တပ်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နဲ့ထိစပ်တဲ့ မဏီပူရ်ပြည်နယ် Tengnoupal ခရိုင်မှာ ကာလတန်ဖိုး ရူပီးငွေ ၂ ဒသမ ၆၀ ဘီလီယံရှိတဲ့ တရားမဝင် ကျွန်းသစ် တင်ဆောင်သော ယာဉ်နှစ်စီးကို အာသံရိုင်ဖယ်တပ်များက ဖမ်းဆီးကြပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နဲ့ ထိစပ်နေတဲ့ မဏီပူရ်ပြည်နယ် Churachandpur ခရိုင်မှာ ကာလတန်ဖိုး ရူပီးငွေ ၁ ဒသမ ၄၀ ဘီလီယံရှိတဲ့ မူးယစ်ဆေးဝါးနဲ့ သယ်ဆောင်သူတစ်ဦးကို ဖမ်းဆီးရမိတယ်လို့ အာသံရိုင်ဖယ်တပ်က ထုတ်ပြန်ထားပါတယ်။

Zalen ad

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ အိန္ဒိယဘက်ကို သစ်တွေမှောင်ခိုတင်သွင်းတာပိုမိုများပြားလာပြီး အာသံရိုင်ဖယ်တပ်က လစဉ် သစ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေဖမ်းဆီးနေကြပါတယ်။

Zawgyi

အိႏၵိယ-ျမန္မာ နယ္စပ္တြင္ အာသံ႐ိုင္ဖယ္တပ္က တရားမဝင္ကြၽန္းသစ္နဲ႔ မူးယစ္ေဆးဝါး ႐ူပီး ၄ ဘီလီယံဖိုးဖမ္းဆီးသိမ္းဆည္း

အိႏၵိယႏိုင္ငံ၊ မဏီပူရ္ျပည္နယ္ ျမန္မာနယ္စပ္နားမွာ အာသံ႐ိုင္ဖယ္တပ္က တရားမဝင္တင္သြင္းလာတဲ့ ကြၽန္းသစ္နဲ႔ မူးယစ္ေဆးဝါး စုစုေပါင္းတန္ဖိုး ၄ ဘီလီယံဖိုးကို ဒီရက္ပိုင္းမွာ ဖမ္းဆီးရမိတယ္လို႔ အာသံ႐ိုင္ဖယ္တပ္က ထုတ္ျပန္ထားပါတယ္။

အာသံ႐ိုင္ဖယ္တပ္ဆိုတာ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ေဒသက ျပည္နယ္ေတြရဲ႕တပ္ျဖစ္ပါတယ္။
စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္နဲ႔ထိစပ္တဲ့ မဏီပူရ္ျပည္နယ္ Tengnoupal ခ႐ိုင္မွာ ကာလတန္ဖိုး ရူပီးေငြ ၂ ဒသမ ၆၀ ဘီလီယံရွိတဲ့ တရားမဝင္ ကြၽန္းသစ္ တင္ေဆာင္ေသာ ယာဥ္ႏွစ္စီးကို အာသံ႐ိုင္ဖယ္တပ္မ်ားက ဖမ္းဆီးၾကပါတယ္။

ဒါ့ျပင္ ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္နဲ႔ ထိစပ္ေနတဲ့ မဏီပူရ္ျပည္နယ္ Churachandpur ခ႐ိုင္မွာ ကာလတန္ဖိုး ႐ူပီးေငြ ၁ ဒသမ ၄၀ ဘီလီယံရွိတဲ့ မူးယစ္ေဆးဝါးနဲ႔ သယ္ေဆာင္သူတစ္ဦးကို ဖမ္းဆီးရမိတယ္လို႔ အာသံ႐ိုင္ဖယ္တပ္က ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္ကိုင္းတိုင္းအထက္ပိုင္းကေန အိႏၵိယဘက္ကို သစ္ေတြေမွာင္ခိုတင္သြင္းတာပိုမိုမ်ားျပားလာၿပီး အာသံ႐ိုင္ဖယ္တပ္က လစဥ္ သစ္နဲ႔ မူးယစ္ေဆးဝါးသယ္ေဆာင္သူေတြဖမ္းဆီးေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်