“အိန္ဒိယ’’ အစား “ဘာရတ်” ဆိုပြီး နိုင်ငံအမည်တကယ်ပြောင်းမလား

“အိန္ဒိယ” နိုင်ငံ၏ အမည်ကို မူရင်းနာမည်ဖြစ်တဲ့ “ဘာရတ်” အဖြစ်သို့ ပြောင်းလဲရေးဟာ လက်ရှိဝန်ကြီးချုပ်ကိုယ်တိုင်ရဲ့ ထောက်ခံမှု ရရှိထားသော လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုကို လိုလားသောသူများကတော့ “အိန္ဒိယ” ဆိုတဲ့ အခေါ်အဝေါဟာ ကိုလိုနီနယ်ချဲ့ ကြေးကျွန်၏ အမှတ်အသားဖြစ်တယ်လို့ ဆိုကြပါတယ်။

ဝန်ကြီးချုပ်မိုဒီဦးဆောင်သော အစိုးရကလည်း တရားဝင်ဖိတ်ကြားလွှာများတွင် “အိန္ဒိယ” အစား “ဘာရတ်” ဟု အစားထိုး အသုံးပြုမှုများလည်း ရှိလာနေပြီဖြစ်ပါတယ်။ ထို့ကြောင့် လက်ရှိအစိုးရဟာ နိုင်ငံကို အမည်ပြောင်းမပြောင်းနဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုများလည်း ရှိနေပါတယ်။ ဒီတစ်ပတ်အတွင်း ကျင်းပပြုလုပ်မည့် G20 အစည်းအဝေးတွင် အိန္ဒိယ သမ္မတဖြစ်တဲ့ ဒရိုပါဒီမာမူကို “အိန္ဒိယသမ္မတ” အစား “ဘာရတ်သမ္မတ” အဖြစ် အစားထိုးရေးသားကာ ဖိတ်ကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ရှိ အာဏာရပါတီဖြစ်တဲ့ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ရေးသားချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောင်နေသော ဝန်ကြီးချုပ်မိုဒီကို “ဘာရတ်ဝန်ကြီးချုပ်” ဟု ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေတွင်လည်း “အိန္ဒိယ” အစား “ဘာရတ်” ဟု သာ​ရေးသားထားပါတယ်။ အခြား စကားလုံးအဖြစ် ဟိန္ဒူစတန် (ဟိန္ဒူတိုင်းပြည်) ဟုလည်း အူဒူးဘာသာစကားအဖြစ် ခေါ်ဆိုကြပါတယ်။

ဒါပေမယ့် နိုင်ငံတကာမှာတော့ အိန္ဒိယကိုသာ အများစုက အသုံးပြုနေကြပါတယ်။ သို့သော်လည်း ဘာကြောင့် “ဘာရတ်” ကိုအစားထိုး အသုံးပြုမှုဟာ အငြင်းပွားမှုများကို ဖြစ်ပေါ်စေပါသလဲ။ လက်ရှိအာဏာရ ပါတီအစိုးရကတော့ အိန္ဒိယနိုင်ငံအတွင်းက မြို့နာမည်များစွာရဲ့ အမည်များကို ပြောင်းလဲလာတာ အချိန်တစ်ခုအထိ ရှိလာပြီဖြစ်ပါတယ်။ သူတို့ကတော့ မူဂဲလ်နှင့်ကိုလိုနီခေတ်တုန်းက အမည်ပြောင်းလဲခဲ့သော မြို့နာမည်များကို အမည်ပြန်လည် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင်လည်း နယူးဒေလီမြို့တွင်ရှိတဲ့ မူဂဲလ်ဥယျာဉ်ကို အမ်းရစ်ဥဒီယမ်အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဝေဖန်သုံးသပ်သူများကတော့ လက်ရှိ အမျိုးသားရေးတွင် အစွန်းရောက်နေသော အာဏာရပါတီဟာ မူဆလင်ဘုရင်ခေတ်က အမည်နာမများကို ဖယ်ရှားပစ်ရန် ကြိုးပမ်းနေတယ်လို့ ဆိုကြပါတယ်။ မူဆလင်ဘုရင်များဟာ အိန္ဒိယကို နှစ်ပေါင်း ၃၀၀ အထိ အုပ်ချုပ်ခဲ့ပါတယ်။ လတ်ခ်နော်တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော ရုရီခါရဲ့ ပြောဆိုချက်အရ အခုလို အငြင်းပွားဖွယ်ရာ အမည်နာမပြောင်းလဲခြင်းဟာ မိုဒီဦးဆောင်သော အစိုးရ၏ အစွန်းရောက်မှုကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။

“နောက်ဘာဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော် မပြောတတ်ဘူး။ ဒါပေမယ့် အတိုက်အခံပါတီများရဲ့ မဟာမိတ်ဖွဲ့မှုနဲ့အတူ လက်ရှိအစိုးရဟာ နိုင်ငံရဲ့ နာမည်ကိုလည်း ပြောင်းလဲလိမ့်မယ်လို့ထင်ပါတယ်” ဟု သူကတော့ ပြောပါတယ်။

“အခြေခံဥပဒေအရတော့ အိန္ဒိယကို ဘာရတ်အဖြစ် ခေါ်ဝေါခြင်းဟာ တားမြစ်ထားတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါဟာလည်း နိုင်ငံရဲ့ တရားဝင် အမည်နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိအစိုးရဟာ အိန္ဒိယဆိုတဲ့ စကားလုံးကို အလုံးစုံ ဖယ်ရှားရလောက်သည်အထိ မိုက်မဲလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး” ဟု အတိုက်အခံ လွှတ်တော်မတ်တစ်ဦးဖြစ်တဲ့ ဆာရှီထာရိုက ပြောပါတယ်။ ကွန်ကရတ်ပါတီဦးဆောင်သော ပါတီကတော့ ၂၀၂၄ ရွေးကောက်ပွဲတွင် မိုဒီကို အနိုင်ယူရန်အတွက် မဟာမိတ်များဖွဲ့နေပြီဖြစ်ပါတယ်။

 BJP ပါတီကတော့ “အိန္ဒိယ” ဆိုတဲ့ စကားလုံးဟာ ကိုလိုနီနယ်ချဲ့များပေးခဲ့သော အမည်ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ BJP ပါတီအမတ်တစ်ဦးဖြစ်တဲ့ နာရတ်ဘန်ဆဲလ်ကလည်း “အိန္ဒိယ” ဆိုတဲ့ စကားလုံးဟာ ကြေးကျွန်ရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ဒါကို အခြေခံဥပဒေကနေ ဖယ်ရှားသင့်တယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရ၏ လွှတ်တော်အစည်းအဝေးကတော့ စက်တင်ဘာလ ၁၈-၂၂ တွင် ကျင်းပမှာဖြစ်ပေမယ့် အစည်းအဝေးတွင် ဆွေးနွေးမယ့် အကြောင်းအရာများကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး၊ ဒါကြောင့် လက်ရှိအစိုးရဟာ နိုင်ငံ၏ နာမည်ကို ပြောင်းလဲလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်