အီရန်အစိုးရဟာ ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို တယ်ရန်းမြို့ပေါ်ကလမ်းတွင် ဆန္ဒပြရင်း ဓားဖြင့် ဒဏ်ရာရစေသည်ဟုဆိုကာ အမျိုးသားတစ်ဦးကို ကြိုးမိန့် သေဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ အစိုးရကိုဆန့်ကျင်လို့ လွန်ခဲ့တဲ့ ၂ လ ခန့်က ဆန္ဒပြမှုကြီးဖြစ်ပေါ်ပြီးနောက် ပထမဆုံး သေဒဏ်စီရင်ခြင်းလည်း ဖြစ်ပါတယ်။
အီရန်နိုင်ငံတွင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရဲများ၏ ဖမ်းဆီးခံရပြီး ၃ ရက်အကြာတွင် သေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒေသသတင်းစာတစ်ခုဖြစ်တဲ့ Tasnim သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သေဒဏ်စီရင်ခံသော အမျိုးသမီးဟာ မိုရှန်ရှယ်ကာရီဟု ရေးသားထားသော်လည်း သူနဲ့ပတ်သက်ပြီး အကြောင်းအရာ အပြည့်အစုံကို ရေးသားဖော်ပြထားခြင်း မရှိခဲ့ပါ။
အီရန်အစိုးရ သတင်းဌာနကတော့ မိုရှန်ဟာ ဗီဒီယိုတစ်ခုတွင် မိုရှန်က သူဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ထိုးခဲ့ကြောင်းနှင့် လမ်းများကို ပိတ်ခဲ့ကြောင်း ဝန်ခံတာကို မြင်ရပါတယ်။
သို့သော်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများကတော့ မိုရှန်ဟာ နှိပ်စက်ခံရပြီး ထိုဝန်ခံမှုကို အတင်းကျပ်ဝန်ခံခိုင်းစေကြောင်း ဆိုကြပါတယ်။ ဂျာမနီနိုင်ငံကတော့ ဒီလို သေဒဏ်စီရင်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။
Amnesty International ၏ ပြောကြားချက်အရ အီရန်အစိုးရဟာ အတုအယောင် တရားစီရင်ရေးဖြင့် အီရန်နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသော ဆန္ဒပြမှုတွင် ပါဝင်သောသူ လူပေါင်း ၂၁ ဦးကို သေဒဏ်စီရင်ရန် ကြိုးပမ်းနေကြောင်း ဆိုပါတယ်။
အီရန်နိုင်ငံကတော့ ပြည်တွင်း မငြိမ်မသက်မှုအတွက် နိုင်ငံတကာကို အဖွဲ့အစည်းများ အပြစ်တင်ထားပြီး ထိုထဲတွင် အမေရိကန်နိုင်ငံလည်း ပါဝင်နေပါတယ်။ အီရန်နိုင်ငံဟာ ဆန္ဒပြမှုများ မဖြစ်ပေါ်သေးခင်တုန်းကလည်း နိုင်ငံတွင် သေဒဏ်စီရင်မှုမြင့်မားခဲ့သော နိုင်ငံဖြစ်ခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိလ်ကာတပ်ခ်၏ ပြောဆိုချက်အရ အီရန်ဟာ ဒီနှစ်အတွင်း လူပေါင်း ၄၀၀ ကျော်ကို သေဒဏ်နိုင်ခြေရှိကြောင်း ဆိုပါတယ်။