အနွေးထည်(၁၀၀)ကို ကချင်စစ်ဘေးဒုက္ခသည်ထံ ဒုတိယအကြိမ် ပို့မယ်

ပြည်တွင်းပြည်ပ ချင်းလူငယ်တွေလှူဒါန်းထားတဲ့ အနွေးထည်(၁၀၀)ကို ကချင်စစ်ဘေးရှောင်ဒုက္ခသည်တွေဆီ ဒုတိယအကြိမ်           ကလေးမြို့ကနေ မနက်ဖြန် ပို့တော့မယ်လို့ သတင်းရရှိပါတယ်။

အနွေးထည်(၁၀၀)လှုပ်ရှားမှုဟာ ကလေးမြို့အခြေစိုက် Right and Peace Organization ကဦးဆောင်ပြီး Chinland Today online media ကနေတဆင့် နှိုးဆော်ထားပါတယ်။

ပထမအကြိမ် အနွေးထည်(၁၀၀)အလှူကို ဒီဇင်ဘာ(၆)ရက်နေ့က ပေးပို့ထားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး Right and Peace Oraganization ဦးဆောင်သူ ဆလိုင်းဂျေကေလားလ်ထားမွန်က “ဒုတိယအကြိမ်အတွက် အခု အနွေးထည် (၁၁၉)ထည် အလှူရထားပြီ။ ဆိုတော့ မနက်ဖြန် အထည်(၁၀၀)ပို့မယ်။ တတိယအကြိမ်လည်း ထပ်ပို့ဖို့စီစဉ်ထားတယ်”လို့ပြောပါတယ်။

Zalen ad

အနွေးထည် တစ်ထည်ကို ငါးထောင်၊ မာဖလာ တစ်ထည် နှစ်ထောင်၊ စောင်တစ်ထည် လေးထောင်သတ်မှတ်ထားပါတယ်။ ဆက်သွယ်လိုပါက ဆလိုင်းဂျေကေလားလ်ထားမွန် 09263445780၊ ဆလိုင်းရှန်းလျန်အုပ် 09400941007, 09960939007 ထံဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်