ဩဂုတ်လအတွင်း အမှတ်(၁) စစ်ဒေသမှာတိုက်ပွဲ လေးရာကျော်ဖြစ်ပွားပြီး စစ်ကောင်စီ သုံးရာကျော် သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းစတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား ဩဂုတ်လတစ်လအတွင်း တိုက်ပွဲပေါင်း ၄၃ဝဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၃ဝ သေဆုံးခဲ့ကာ ၄၅၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က စက်တင်ဘာ ၂၁ရက်နေ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ထံမှာ လက်နက်မျိုးစုံ ၈ လက်၊ ဒရုန်း ၄စီး၊ ဗုံးသီး ၅၀၊ မိုင်း ၁၃လုံးနဲ့ ကျည် တစ်ထောင်ကျော် အပါအဝင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်သား ၁၈ ဦး ကျဆုံးခဲ့ပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး PDF၊ ပကဖနဲ့ EROs တို့ ပူးပေါင်း ဆင်နွှဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့်ပိတ်ပင်

၉၊ ဒီဇင်ဘာ၊ ၂၀၂၃ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ခလရ ၂၈၉ တပ်ရင်းရှိ တပ်ရင်းမှူးက တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ...

ဆက်ဖတ်ရန်