နေ့လည်ခင်းကလေးမြို့တွင်းပိုက်ဆံခိုးယူသူတွေ (၁၀)ရက်ကျော်ကြာတဲ့ထိ မဖမ်းနိုင်သေး

ကလေးမြို့ တာဟန်းရပ်ကွက်မှာ နေ့လည်ခင်းဆိုင်ကယ်ထဲက ပိုက်ဆံ(၂၅)သိန်းခိုးယူသူတွေကို (၁၀)ရက်ကျော်ကြာတဲ့ထိ တရားခံဖမ်းမမိနိုင်သေးဘူးလို့သတင်းရရှိပါတယ်။

တာဟန်းရပ်ကွက် ရဲစခန်းမှူးက “CCTV သုံးလုံးကိုပြန်ကြည့်တော့ တရားခံရဲ့မျက်နှာကလုံးဝမပေါ်ဘူး။ ပြီးတော့ အရုပ်တွေကဝါးနေတော့ မျက်နှာကိုထင်ထင်ရှားရှားမြင်လို့မရဘူး။ ဆိုင်အနီးနားကလူတွေလည်းမေးတော့ သူတို့လည်းသတိမထားမိဘူးလို့ပဲပြောကြတယ်။ ဒါကြောင့် ခုထိသံသယဖြစ်မယ့်တရားခံမတွေ့ရသေးဘူး”လို့ဖြေပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့နယ် စက္ကန့်ကျေးရွာနေ U Mal Sawm Lian(ဦးမာလ်ဆောမ်လျန်) (၄၅နှစ်)ဟာ ၎င်းတု့ိရွာမှာ မြေကွက်ဝယ်ဖို့ စင်ကာပူမှာ အလုပ်လုပ်တဲ့သားက သုံးလစာ စုဆောင်းပြီးပို့လာတဲ့ ငွေကို ဇူလိုင်လ(၁၁)ရက်မှာ တာဟန်းရပ်ကွက်မှာရှိတဲ့ KBZ(2) ဘဏ်ကနေထုတ်ပြီး တောင်ဖီလာရပ်ကွက်အုပ်ချုပ်ရေးရုံးအောက်ကဆိုင်မှာ ဝက်စာဝယ်စဉ် ဆိုင်ကယ်သေတ္တာထဲကငွေတွေကို လူ (၄)ယောက်က အခုလိုခိုးယူခံရတာဖြစ်ပါတယ်။ ၎င်းဆိုင်ထဲဝင်တဲ့ချိန်နဲ့ အပြင်ထွက်လာတဲ့ချိန်ဟာ သုံးမနစ်လောက်ပဲကြာပါတယ်။ ဝက်စာဝယ်ပြီး ဆိုင်ကယ်သေတ္တာ ပြန်ကြည့်တဲ့ချိန်မှာ ၎င်းငွေတွေအကုန်လုံးခိုးယူခံရတာသိရှိသွားပါတယ်။ ယင်းနောက် တာဟန်းရပ်ကွက် ရဲစခန်းကိုအကြောင်းကြားပြီး ၎င်းတို့က ဆိုင်နဲ့ ဘဏ်က CCTV ကို ပြန်လည်စစ်ဆေးခဲ့ပါတယ်။

U Mal Sawm Lian(ဦးမာလ်ဆောမ်လျန်)က “ရဲတွေပြောပုံအရ တရားခံမိဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းနေတယ်။ သူတို့ခိုးပုံကလည်း တော်တော်ကျွမ်းကျင်ကြတော့ လူမှုပတ်ဝန်းကျင်အတွက်တော်တော်ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ကလေးမြို့ထဲက ကိုယ့်ကိုယ်ကိုယ်သတိထားပြီးနေကြဖို့လိုမယ်”လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်