၁၀၂၇ စစ်ဆင်ရေးကြိုဆို ထောက်ခံတဲ့အနေဖြင့် မြို့သိမ်းအကြိုတိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ CDF- Hakha ထုတ်ပြန်

၂၈၊ နိုဝင်ဘာ ၊၂၀၂၃
Zalen
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသော အနေဖြင့် Rung operation ပထမအဆင့် မြို့သိမ်းအကြိုတိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၈ ဦးဒဏ်ရာရရှိတယ်လို့ CDF –Hakha ဗဟိုကောင်စီ မှ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင်ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၂၇ ရက် ကနေစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး သည် နိုဝင်ဘာ ၂၇ ရက်နေ့တွင် တစ်လပြည့်သည်နှင့် အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ရေးအရှိန်မြှင့်ကြရန် တိုက်တွန်းချက်နှင့်အညီ ၁၀၂၇ စစ်ဆင်ရေးတွင်ပူးပေါင်းပါဝင်သည့် အနေဖြင့် Chinland Defense Force –Hakha မှ နိုဝင်ဘာ ၂၆ ရက် နှင့် နိုဝင်ဘာ ၂၇ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဟားခါးမြို့ ပေါ်တွင်တိုက်ပွဲများဖော်ဆောင်ခဲ့ပါတယ်။

ထိုနှစ်ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းကို ရှင်းလင်းနိုင်ခဲ့ပြီး ၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ထို့အပြင် မိမိတို့ CDF –Hakha အနေဖြင့် နိုင်ငံရေးရည်မှန်းချက်တူညီသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီတိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမယ်လို့ထုန်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

သတင်း-Grace

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်