၁၀၂၇ စစ်ဆင်ရေး တစ်ပတ်အတွင်း မြို့လေးမြို့ထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းညီနောင်အဖွဲ့ထုတ်ပြန်

၃၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀ ၂၇ စစ်ဆင်ရေး ခုနစ်ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ၂ ရက်နေ့အထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို အလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၂ ရက်နေ့မှာထုတ်ပြန်ပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ – တရုတ်နယ်စပ်က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့တွေကို လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နိုဝင်ဘာလ ၁ ရက်နေ့က ဝန်ခံထားပါတယ်။

စစ်ဆင်ရေး သီတင်းတစ်ပတ်အတွင်း စစ်ကောင်စီ တပ်စခန်း ၁၀၀ ကျော်အပြင် သံချပ်ကာ ခြောက် စီးနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့က မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီ သံချပ်ကာကား တစ်စီး ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး ခြောက်ရက်အတွင်း သံချပ်ကာကား စုစုပေါင်း ခြောက်စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေရာတွေကို လက်နက်ကြီး၊လေကြောင်း၊ ဒရုန်းတွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာတွေ ရှိနေပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ ဒုက္ခသည်စခန်းအနီးကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ်နဲ့ဈေးဆိုင် တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်