၂၀၂၁ ခုနှစ်အတွင်း CJDC နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၁၈၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်တစ်ထောင်ကျော်သေဆုံးဟုဆို

ချင်းလဲန်ကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာအထိ တိုက်ပွဲပေါင်း ၁၈၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀၂၉ ဦးသေဆုံးတယ်လို့ CJDC အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

CJDC အဖွဲ့ဝင်တပ်တွေတည်ရှိတဲ့ ချင်းပြည်နယ်အပြင် ကလေး၊ တမူး၊ ဂန့်ဂေါနဲ့ ယောနယ်ဒေသတွေမှာတိုက်ပွဲဆင်နွှဲခဲ့ကြတာဖြစ်တယ်။

ယင်းတိုက်ပွဲမှာ CJDC တပ်ဖွဲ့ထဲက ၅၈ ဦး၊ အရပ်သားပြည်သူ ၂၇ ဦးကျဆုံးသွားပါတယ်။

Zawgyi

၂၀၂၁ ခုႏွစ္အတြင္း CJDC နဲ႔စစ္ေကာင္စီတပ္တုိ႔ တုိက္ပြဲ ၁၈၀ ေက်ာ္ျဖစ္ၿပီး စစ္ေကာင္စီတပ္တစ္ေထာင္ေက်ာ္ေသဆံုးဟုဆို

ခ်င္းလဲန္ကာကြယ္ေရးပူးေပါင္းေကာ္မတီ (CJDC) နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ၂၀၂၁ ခုႏွစ္ ဧၿပီလကေန ဒီဇင္ဘာအထိ တိုက္ပြဲေပါင္း ၁၈၄ ၾကိမ္ျဖစ္ပြားၿပီး စစ္ေကာင္စီတပ္သား ၁၀၂၉ ဦးေသဆံုးတယ္လုိ႔ CJDC အဖြဲ႔က ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။

CJDC အဖြဲ႔ဝင္တပ္ေတြတည္ရွိတဲ့ ခ်င္းျပည္နယ္အျပင္ ကေလး၊ တမူး၊ ဂန္႔ေဂါနဲ႔ ေယာနယ္ေဒသေတြမွာတိုက္ပြဲဆင္ႏႊဲခဲ့ၾကတာျဖစ္တယ္။

ယင္းတုိက္ပြဲမွာ CJDC တပ္ဖြဲ႔ထဲက ၅၈ ဦး၊ အရပ္သားျပည္သူ ၂၇ ဦးက်ဆံုးသြားပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်