၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲဟာ ဘန်ကောက်နှင့် အာဆီယံတို့ရဲ့ မြန်မာ့အရေးချဉ်းကပ်မှုကို ပြောင်းလဲစေမှာလား

ဒီတစ်ပတ်ထဲမှာပဲ ကျင်းပမည့် ရွေးကောက်ပွဲအပြီးမှာဝောာ့ ထိုင်းနိုင်ငံမှာ အစိုးရသစ်တစ်ခု တက်လာဖို့ ရှိပါတယ်။ ဒါပေမယ့် အစိုးရသစ်ဟာ စီးပွားရေးနှင့် စစ်ဘက်နှစ်ခုစလုံးအတွက် ဆက်ဆံရေးကောင်းရှိထားတဲ့ မြန်မာ့အရေးကို ပိုမိုတင်းကျပ်သော ရပ်တည်ချက်ဖြင့် ချဉ်းကပ်ရမယ့် စိန်ခေါ်မှု နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မဲဆွယ်ကာလမှာ မြန်မာ့အရေးကို အလေးထားထည့်သွင်း ပြောဆိုမှုများ မရှိသော်လည်း လေ့လာသူများရဲ့ သုံးသပ်ချက်အရ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အကျိုးအဆက်ဟာ အလွန်ကြီးမားကြောင်း ဆိုကြပါတယ်။

ကိုဗစ်-၁၉ မတိုင်ခင်မှာ ထိုင်းနိုင်ငံအတွင် အလုပ်လုပ်နေကြသော အလုပ်သမားပေါင်း ၂ သန်းခန့်ရှိပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်ချီ ထိုင်းနိုင်ငံကို ဝင်ရောက်လာနိုင်ဟု ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုကြောင့် ကီလိုမီတာ ၂၄၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံအတွက်လည်း မကြာခဏဆိုသလို မတည်ငြိမ်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များဟာ ရှေ့တန်းနေရာက မြန်မာစစ်တပ်ကိုတိုက်ခိုက်ချိန်မှာ ထိုင်းနိုင်ငံအတွက်လည်း နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေပါတယ်။

ဒီတစ်ပတ် တနင်္ဂနွေနေ့ မေ ၁၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာတော့ ဒီမိုကရေစီလိုလားသော အုပ်စုများဟာ အနိုင်ရနိုင်ခြေများကြောင်း သုံးသပ်ကြပါတယ်။ ရွေးကောက်ပွဲရဲ့ပဏာမ ရလဒ်ကို ညနေပိုင်းမှာပဲ ချက်ချင်း ကြေညာရန်ရှိပေမယ့် ထိုရလဒ်ကို အတည်ပြု တရားဝင် ထုတ်ပြန်ရန် အချိန်တစ်ပတ်အထိလည်း ကြာမြင့်တက်ပါတယ်။

Australian National University မျာ စီနီယာကထိက အဖြစ်တာဝန်ထမ်းဆောင်နေသော ဂရတ်ရေမွန်ရဲ့ ပြောဆိုချက်အရတော့ တက်လာမယ့် အစိုးရသစ်ဟာ ထိုင်းနိုင်ငံက ဉီးဆောင်လုပ်နေသော Track 1.5 ဆွေးနွေးမှုကို လက်ခံနိုင်ခြေနည်းပါးကြောင်း သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Track 1.5 ဟာ အာဆီယံရဲ့ လုပ်ပိုင်ခွင့်ကို ကျော်ပြီး လုပ်သော ဆွေးနွေးပွဲဟု သတ်မှတ်ကြပြီး တစ်ဘက်မှာလည်း မြန်မာစစ်တပ်ကို အသိအမှတ်ပြုရာ ရောက်သောကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။

“အကယ်၍ Move Forward Party (MFP)ဟာ အစိုးရတွင် ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင်ဖြစ်လာပါက နိုင်ငံရဲ့ မူဝါဒဟာ NUG ကို ထောက်ခံသော မူဝါဒဖြစ်လာနိုင်ခြေများစွာ ရှိတယ်။ မြန်မာစစ်တပ်ကို ထောက်ခံမှုနည်းသွားမယ်” ဟု ရေမွန်က ဆက်ပြီး ပြောပါတယ်။

MFP ပါတီဟာ တိုးတက်သော ဗဟိုလက်ဝဲနိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ပါတီရဲ့ ဒီမိုကရေစီလိုလားသော ရပ်တည်ချက်နှင့် ထိုင်းနိုင်ငံတွင် စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်လိုသော ရပ်တည်ချက်များရှိသော ပါတီအဖြစ် သိကြပါတယ်။ 

“MFP ဟာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကနေ ထွက်ပြေးလာသောသူများကို ကူညီပံ့ပိုးပေးနိုင်ခြေကလည်း ပိုများပါတယ်” ဟု ရေမွန်က ဆက်ပြောပါတယ်။

သို့သော်လည်း ဒီလို လုပ်နိုင်ဖို့ရန်အတွက် မိတ်ဖက်ပါတီဖြစ်တဲ့ ဖြူထိုင်းပါတီ (Pheu Thai) ပါတီနဲ့ ဆွေးနွေးရအုံးမှာ ဖြစ်ပါတယ်။ Pheu Thai ပါတီကို ထိုင်းနိုင်ငံတွင် ပြည်သူများလေးစားရတဲ့ ရှင်နာဝထရာမိသားစုက ဉီးဆောင်ထားပါတယ်။

Kyoto တက္ကသိုလ်က Center for Southeast Asian Studies တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော ပါဗင်ချာချာဗလ်ပုံပွန်ကလည်း အကယ်၍ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားသော ပါတီဟာ အနိုင်ရရှိပါက ထိုင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကလည်း ပြောင်းလဲလာနိုင်ကြောင်း ပြောပါတယ်။

သို့သော်လည်း ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်အကြားက နီးနီးကပ်ကပ်ရှိသော ဆက်ဆံရေးကတော့ အစိုးရအသစ် တက်လာရင်တောင် ပြောင်းလဲနိုင်ခြေနည်းပါးကြောင်းလည်း သူက ပြောပါတယ်။

မှတ်ချက်။ ဤဆောင်းပါးသည် South China Morning Post မှာဖော်ပြထားသည့် Thailand election 2023: will vote outcome sway Bangkok and Asean stance on Myanmar engagement? ကိုဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်