(၃)ရက်အတွင်း နွေဦး ဘဏ်အစုရှယ်ယာ တိုကင် ဝယ်ယူမှုအမေရိကန် ဒေါ်လာ ( ၅) သန်းအထိရှိလာ

၂၀ ၊ နိုဝင်ဘာ ၊ ၂၀၂၃

Zalen

(၃) ရက်အတွင်း မှာ နွေဦး ဘဏ်အစုရှယ်ယာ တိုကင် ဝယ်ယူမှု အမှာစာ အမေရိကန်ဒေါ်လာ ( ၅) သန်းအထိ ရရှိခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ  အစုရှယ်ယာဝင်များကိုဖိတ်ခေါ်ထားရာ ၇၂ နာရီ (၃) ရက်အတွင်း မှာပဲ အမေရိကန်ဒေါ်လာ (၅) သန်းရရှိကာ နိုင်ငံပေါင်း (၃၃) မှအကောင့် အသစ်ဖွင့်သူပေါင်း (၂၀,၀၀၀) ခန့် ရှိလာတယ်လို့ ဒီကနေ့မနက် မှာ Spring Development Bank က ထုတ်ပြန်ထားပါတယ်။

နွေဦး ဘဏ်အနေဖြင့် နိုင်ငံပေါင်း (၂၃) နိုင်ငံမှာ ဘဏ်ဝန်ဆောင်မှုပေးနေတဲ့ပြည်သူ့ဓနဆက်ဆံရေးအရာရှိ RMsပေါင်း (၁၈၀) ဟာကိုယ်ရေးကိုယ်တာ နဲ့သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကြားဟန်ချက်ညီစွာ အကောင်းဆုံး ဖြစ်အောင် ဂန္တဝင်မြောက်တဲ့ပေးဆက်အနစ်နာခံမှုပိုမိုရှိပါတယ်လို့ဆိုပါတယ်။

အစုရှယ်ယာ ဝင်အနေဖြင့် နွေဦးဘဏ် အသုံးပြုသူများစုဝေးရာအသိုက်အဝန်းကိုကူညီထောက်ပံ့နေတဲ့ Myan Crypto မှ Community Moderator များပဲဖစ်ပြီး ယိမ်းယိုင်ခြင်းမရှိတဲ့စွမ်းဆောင်ချက်တွေ စုစည်းရာဖြစ်နေတာကြောင့်ပူးပေါင်းညှိနှိုင်းမှုတွေကိုထိန်းကျောင်းရာမှာအလွန်အရေးပါတယ်လို့ဆိုပါတယ်။

နွေဦးဘဏ် ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ၂၇ ရက်နေ့အထိ သတ်မှတ်ထားပြီး  အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ရည်မှန်းချက်ထားပြီး အစုရှယ်ယာဝင်များအပြင်  ပါဝင်ပတ်သက်နေသူတွေ အားလုံးအတွက်အကျိုးကျေးဇူးတွေ ဖော်ဆောင်နိုင်ဖို့ခိုင်မာစွာ အုတ်မြစ် တည်ရှိနေတယ်လို့ဆိုထားပါတယ်။

သမိုင်းသစ်

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့်ပိတ်ပင်

၉၊ ဒီဇင်ဘာ၊ ၂၀၂၃ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ခလရ ၂၈၉ တပ်ရင်းရှိ တပ်ရင်းမှူးက တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ...

ဆက်ဖတ်ရန်