နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောက်တိုဘာ (၂၆)ရက် ကန်ပက်လက်မြို့လာမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ(၂၆)ရက်တွင် ကန်ပက်လက်မြို့သို့လာရောက်မယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ကန်ပက်လက်မြို့နယ် NLD ဥက္ကဌ ဦးထန်းမနားလိုင်းက “သူတ အစိုးရဆိုက်နဲ့လာမှာဆိုတော့ ကျနော်တို့လည်း ရက်အတိအကျတော့ မသိရသေးဘူး။ အစိုးရရုံးတွေကတော့ ပြင်ဆင်မှုတွေလုပ်နေတယ်။ သူက အစိုးရတာဝန်အနေနဲ့ လာတဲ့သဘောပဲဖြစ်မယ်ထင်ပါတယ်။ မဲဆွဲစည်းရုံးရေးနဲ့တော့ မပတ်သက်လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါတီဘက်ကို အကြောင်းကြားတာ၊ ပြင်ဆင်ခိုင်းတာ ဘာမှမရှိပါဘူး”လို့ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကန်ပက်လက်မြို့ ဖလပ်ဝါခန်းမတွင် ဒေသခံတွေနဲ့လူထုတွေ့ဆုံပွဲကျင်းပမှာဖြစ်ပြီး တက်ရောက်လိုသူများ နာမည်စာရင်းပေးမှာသာ တက်ရောက်ခွင့်ရှိမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ငဖဲမြို့နယ်မှာ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

မတ်လ ၇ရက်၊ ၂၀၂၅ ခုနှစ် Zalen မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာမှ ချင်းအမျိုးသမီးနှစ်ဦးကို ဒီနေ့ မတ်လ ၇ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ...

ဆက်ဖတ်ရန်