ကချင်တိုက်ပွဲရှေ့တန်းပြန်တပ်မတော်သားတွေကိုအောင်ပွဲခံ ကြိုဆိုဖို့ ဟားခါးမြို့ဝန်ထမ်းတွေကို နယ်လုံဝန်ကြီးကပြော

ကချင်ပြည်နယ်တိုက်ပွဲမှာပါဝင်တဲ့ ဟားခါးတပ်ရင်းရှိ တပ်မတော်ရှေ့တန်းပြန်တွေကို မနက်ဖြန် ဟားခါးမြို့ဌာနဆိုင်ရာဝန်ထမ်းတွေ မပျက်မကွက်ကြိုဆိုကြဖို့ ချင်းပြည်နယ် နယ်၊လုံဝန်ကြီးက ဒီကနေ့ ကျင်းပတဲ့ ဟားခါးမြို့ ဌာနဆိုင်ရာ အကြီးအကဲများအစည်းအဝေးမှာပြောကြားတယ်လို့သိရပါတယ်။

မနက်ဖြန်(ဇွန် ၈ ရက်) နံနက် ၁၀ နာရီခွဲမှာ ရုန်းတောင်ပေါ် (၂၆၆)တပ်ရင်းရှေ့မှာ ဝန်ထမ်းတွေကြိုဆိုရမှာဖြစ်ပါတယ်။

“ဒီသတင်းဟာမှန်ပါတယ်။ နယ်၊လုံဝန်ကြီးကိုယ်တိုင်ပြောထားပါတယ်။ ကျနော့် ဝန်ထမ်းတွေကိုတော့ပြောတယ်။ အရပ်သားတွေက သွားကြိုဖို့တော့မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆို ကချင် နဲ့ ချင်းက ညီအစ်ကိုသွေးသားတော်စပ်တဲ့သူတွေဆိုတော့ ဒါကြောင့် အစိုးရဝန်ထမ်းဆိုတော့ ကြိုဖို့ဖြစ်နိုင်ပါတယ်လို့ပြောတယ်”လို့ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကပြောပါတယ်။

၂၀၁၆ ခုနှစ်တွင်လည်း ဖလမ်းမြို့၌ ကချင်တိုက်ပွဲ ရှေ့တန်းပြန်တပ်မတော်သားတွေကို ကြိုဆိုဖို့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှတစ်ဆင့် တစ်ရပ်ကွက်တွင်ဆယ်ယောက်နှုန်း ပါဝင်ဖို့ ကနဦးမှာကြားပါတယ်။ ဒါပေမယ့် ပြည်သူတွေကန့်ကွက်တာကြောင့် ဌာနဆိုင်ရာဝန်ထမ်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ သွားရောက်ကြိုဆိုခဲ့တယ်။

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်