ကချင်ပြည်နယ်တွင် လူဦးရေ ၆,၈ဝဝ ကျော် အသစ်ထပ်မံနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဧပြီလဆန်းမှစ၍ ကချင်ပြည်နယ်တွင် လူဦးရေ ၆,၈ဝဝ ကျော် အသစ်ထပ်မံနေရပ်စွန့်ခွာလာခဲ့သည်ဟု United Nations OCHA Myanmar က ယနေ့ထုတ်ပြန်သည်။

ယခုကဲ့သို့ နေရပ်စွန့်ခွာတိမ်းရှောင်မှုသည် ကချင်ပြည်နယ် မြို့နယ် (၆)မြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး တစ်ချို့ဒေသတွင် ပြည်တွင်းနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများသွားလာရန်ခက်ခဲလျက်ရှိသည်ဟုဖော်ပြထားသည်။

ထောင်ပေါင်းများစွာသော လူများမှာ မြို့ပေါ်နေရာများသို့ ရှောက်ရှိလာကြပြီး၊ ခရစ်ယာန်ဘုရားကျောင်းများ၊ မူလရှိပြီးသား နေရပ်စွန့်ခွာတိမ်းရှောင်သူ စခန်းများ၊ လက်ခံမိသားစုများနှင့်အတူ နေထိုင်ကြရလျက်ရှိကာ၊ ပြည်ထောင်စု၊ ပြည်နယ်၊ ဒေသတွင်းအစိုးရအဖွဲ့များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အကူအညီပေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်များမှ အကူအညီများ ပေးလျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်