ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အုတ်ဖိုကျေးရွာက ခရစ်တော်ရဲ့အသင်းတော် (Church of Chirst) ဓမ္မအမှုတော်ဆောင် ဆရာတော်အွမ်ကီးဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကာင်စီတပ်ကဖမ်းဆီးပြီး နောက်တစ်နေ့တွင် ဦးခေါင်းတွင်ပစ်ကာသေဆုံးသွားတယ်လို့ဒေသခံတွေထံက သတင်းရရှိပါတယ်။
ဆရာတော်ရဲ့အလောင်းကို ယနေ့ နေ့လည် ၁၂ လောက်တွင် ပန်းလေပြေဟိုတယ်ရှေ့ လမ်းဘေးမှာ ဒေသခံပြည်သူတွေကပြန်လည်တွေ့ရှိပြီး ညနေပိုင်းတွင် ကန်ပက်လက်မြို့ မြို့ဟောင်းင်္သချိုင်းတွင် သဂြိုလ်ကြပါတယ်။
ကန်ပက်လက်မြို့ဒေသခံတစ်ဦးက “ဆရာတော်က မြို့ထဲကနေ အုတ်ဖိုရွာကို ခြေခြေနဲ့ပြန်တဲ့ချိန်မှာ အဲ့ဒီဟိုတယ်ဇုန်မှာ စစ်ကောင်စီတပ်တွေကဖမ်းဆီးကြတယ်။ စခန်းမှာတစ်ညဖမ်းထားတယ်။ နောက်တစ်နေ့ သူတို့ နယ်မြေရှင်းလင်းရေးသွားတဲ့ချိန်မှာ ဆရာတော်ကိုလည်း ခေါ်ပြီး အုတ်ဖိုရွာသွားတဲ့ ဟိုတယ်ဇုန် ပန်းလေပြေဟိုတယ်ရှေ့မှာ အလောင်းကိုပစ်ထားကြတယ်။ ခေါင်းမှာ ကျည်ဆံဒဏ်ရာတွေ့ရတယ်။ ခုတလောကတော့ ကန်ပက်လက်မြို့ပေါ်မှာ နေ့တိုင်းသေနတ်သံကြားရတယ်” လို့ပြောပါတယ်။
ဆရာတော်ဟာ အသက် (၃၀)ဝန်းကျင်ရှိပါတယ်။ စက်တင်ဘာ ၁၈ ရက်က ထန်တလန်မြို့က ဓမ္မအမှုတော်ဆောင် ကျူံးဗျက်ဟုမ်အပါအဝင် ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ၂ ပါးသတ်ဖြတ်ကြပါပြီ။
Zawgyi
ကန္ပက္လက္ၿမိဳ႕တြင္ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္တစ္ပါးကို စကစတပ္က ပစ္သတ္ၿပီးအေလာင္းကိုလမ္းေဘးတြင္စြန္႔ပစ္
ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ အုတ္ဖိုေက်းရြာက ခရစ္ေတာ္ရဲ႕အသင္းေတာ္ (Church of Chirst) ဓမၼအမႈေတာ္ေဆာင္ ဆရာေတာ္အြမ္ကီးဟာ ဒီဇင္ဘာလ ၁၁ ရက္ေန႔တြင္ အာဏာသိမ္းစစ္ကာင္စီတပ္ကဖမ္းဆီးၿပီး ေနာက္တစ္ေန႔တြင္ ဦးေခါင္းတြင္ပစ္ကာေသဆံုးသြားတယ္လုိ႔ေဒသခံေတြထံက သတင္းရရွိပါတယ္။
ဆရာေတာ္ရဲ႕အေလာင္းကို ယေန႔ ေန႔လည္ ၁၂ ေလာက္တြင္ ပန္းေလေျပဟိုတယ္ေရွ႕ လမ္းေဘးမွာ ေဒသခံျပည္သူေတြကျပန္လည္ေတြ႔ရွိၿပီး ညေနပိုင္းတြင္ ကန္ပက္လက္ၿမိဳ႕ ျမိဳ႕ေဟာင္းသၤခ်ဳိင္းတြင္ သၿဂိဳလ္ၾကပါတယ္။
ကန္ပက္လက္ၿမိဳ႕ေဒသခံတစ္ဦးက “ဆရာေတာ္က ၿမိဳ႕ထဲကေန အုတ္ဖိုရြာကို ေျခေျခနဲ႔ျပန္တဲ့ခ်ိန္မွာ အဲ့ဒီဟိုတယ္ဇုန္မွာ စစ္ေကာင္စီတပ္ေတြကဖမ္းဆီးၾကတယ္။ စခန္းမွာတစ္ညဖမ္းထားတယ္။ ေနာက္တစ္ေန႔ သူတို႔ နယ္ေျမရွင္းလင္းေရးသြားတဲ့ခ်ိန္မွာ ဆရာေတာ္ကိုလည္း ေခၚၿပီး အုတ္ဖိုရြာသြားတဲ့ ဟိုတယ္ဇုန္ ပန္းေလေျပဟိုတယ္ေရွ႕မွာ အေလာင္းကိုပစ္ထားၾကတယ္။ ေခါင္းမွာ က်ည္ဆံဒဏ္ရာေတြ႔ရတယ္။ ခုတေလာကေတာ့ ကန္ပက္လက္ၿမိဳ႕ေပၚမွာ ေန႔တုိင္းေသနတ္သံၾကားရတယ္” လို႔ေျပာပါတယ္။
ဆရာေတာ္ဟာ အသက္ (၃၀)ဝန္းက်င္ရွိပါတယ္။ စက္တင္ဘာ ၁၈ ရက္က ထန္တလန္ၿမိဳ႕က ဓမၼအမႈေတာ္ေဆာင္ က်ဴံးဗ်က္ဟုမ္အပါအဝင္ ခ်င္းျပည္နယ္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္က ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္ ၂ ပါးသတ္ျဖတ္ၾကပါၿပီ။