ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ဆော်လောင်းကျေးရွာတို့မှာ အများဆုံးဖြစ်ပြီး တခြားကျေးရွာတွေမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

“တုပ်ကွေးဖြစ်တာက ရွာတိုင်းလိုလိုပါဘဲ။ အန်လိုက်၊ အဖျားတက်လိုက်၊ ပြန်ကောင်းလိုက်နဲ့ အခုရက်ပိုင်း ပိုဆိုးလာတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ယခင်က ရာသီတုတ်ကွေးဖြစ်ပေမယ့် ယခုလိုမျိုး အစုလိုက်၊ အပြုံလိုက် ဖြစ်ပွားခဲ့ခြင်း မရှိသေးဘူးလို့ ၎င်းက ဆိုပါတယ်။

ရာသီတုတ်ကွေးဖြစ်တဲ့ ကျေးရွာတွေကို ပြည်သူ့ကျန်းမာရေးအဖွဲ့က လာရောက် ဆေးကုသပေးခဲ့ပေမယ့် လတ်တလောမှာ လူနာတွေများလာကြောင့် ဆေးပြတ်နေတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ကျန်းမာရေးအဖွဲ့တွေက လာကြည့်ပေးသွားတယ်။ လူနာက အရမ်းများတော့ ဆေးတော့မလောက်ဘူးလေ။ အခုဆေးပြတ်သွားတယ်လို့ ပြောတယ်။”လို့ ဆိုပါတယ်။

ရာသီတုပ်ကွေးကြောင့် သေဆုံးတဲ့ လူနာတွေ မရှိသေးပေမယ့်လည်း ဖြစ်ပွားနှုန်းဟာ မြင့်တက်နေတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့မှာလည်း ဆေးဝါးတွေပြတ်လစ်နေတာကြောင့်နဲ့ တခြားမြို့တွေလည်း ဆေးဝယ်ယူဖို့ လမ်းကြောင်းတွေ မလွယ်ကူဘဲ ခက်ခဲနေတယ်လို့ သိရပါတယ်။

အလားတူ မင်းတပ်မြို့နယ်မှာလည်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လို့ ယနေ့ထိ လူသေဆုံးမူ ရှိနေသေးတယ်လို့ သိရပါတယ်။

လက်ရှိ ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝ၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် စတဲ့ မြို့နယ်တွေ ငှက်ဖျားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော၊ တုပ်ကွေးတွေဖြစ်လို့ ကျန်းမာရေးအကူညီလိုအပ်လျက်ရှိပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

ချင်းလက်နက်ကိုင် အချင်းချင်းကြားက ပဋိပက္ခများကို အမြန်ဆုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့ ဂျပန် နဲ့ တောင်ကိုးရီးယားရောက် ချင်းလူငယ်များတိုက်တွန်း

၁၊ဇူလိုင်၊၂၀၂၄ Zalen ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အဓိက တော်လှန်ရေးလက်နက်ကိုင်များဖြစ်ကြတဲ့ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်တို့ကြားမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို အမြန်ဆုံးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာ ကြ ဖို့ ဂျပန်နဲ့ တောင်ကိုးရီးယားရောက် ချင်းလူငယ်များက ဇွန်လ ၃၀ ရက်မှာ တိုက်တွန်းထားပါတယ်။ ...

ဆက်ဖတ်ရန်