ကမ္ဘောဒီးယား ကျားဖြန့်ရုံတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၄၃၀ကို ပြန်ပို့

ဇန်နဝါရီ ၂၆၊ ၂၀၂၆
Zalen

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ ကျားဖြန့်ရုံတွေမှာ အလုပ်လုပ်နေရပြီး ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၄၃၀ ဦးကို ဇန်နဝါရီ ၂၅ ရက်မှာ ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒုတိယအသုတ်မှာတော့ လူ ၅၀ ကို မြန်မာ့လေကြောင်းလိုင်း MAI နဲ့ မန္တလေးလေဆိပ်ကို ပို့ဆောင်ခဲ့ပြီး လူ ၁၉၀ ကို ညနေပိုင်းမှာ စစ်တပ်လေယာဉ်နဲ့ မြိတ်မြို့ကို ခေါ်ဆောင်ခဲ့သလို နောက်ထပ် လူ ၁၉၀ ကိုလည်း ထပ်မံခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ပထမအသုတ်အနေနဲ့ ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာနိုင်ငံသား ၁၃၆ ဦးကို မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ခေါ်ဆောင်ထားပါတယ်။

Zalen ad

ကမ္ဘာဒီးယားကျားဖြန့်တွေကနေ လက်ရှိအချိန်ထိ စုစုပေါင်း မြန်မာနိုင်ငံသား ၅၆၆ ဦး ပြန်လည်ရောက်ရှိလာပြီးဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားကနေ ပြန်လာသူတွေကို လိုအပ်တဲ့ ကိုယ်ရေးအချက်အလက် စစ်ဆေးမှုတွေ၊ စာရင်းကောက်ယူမှုတွေ ပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားမှာ ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပကို နယ်စပ်လမ်းကြောင်းတွေကနေ ထွက်ပြီး အလုပ်ရှာဖွေသူတွေ များပြားလာနေသလို အဲ့ဒီအထဲက တချို့ဟာ ကမ္ဘောဒီးယားရှိ ကျားဖြန့်ရုံတွေကို ရောက်ရှိသွားတာတွေ ရှိနေတာပါ။

လက်ရှိ ကျားဖြန့်ရုံတွေမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေး အကူအညီတောင်းခံထားတဲ့ မြန်မာနိုင်ငံသားတွေကလည်း အများအပြား ရှိနေသေးတယ်လို့ သိရပါတယ်။

သတင်း-Helen

ဓာတ်ပုံ-လူမှုကွန်ယက်

#ကမ္ဘောဒီးယား#ကျားဖြန့်#မြန်မာ#Zalen

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်