ကလပ်အသင်းအသစ် Al Nassr တွင် စိရော်နယ်ဒို လစာဘယ်လောက်ရသလဲ?

မန်ယူအသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဆော်ဒီအာရေဗျကလပ်ဖြစ်တဲ့ Al Nassr နဲ့ သောကြာနေ့တွင် စာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

၂ နှစ်ကျော် သက်တမ်းရှိတဲ့ စာချုပ်ဟာ တန်ဖိုး ကန်ဒေါ်လာ ၇၅ သန်းခန့်ရှိပြီး အားကစားသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဖာဘရီဇီအိုရိုမာနိုရဲ့ ပြောကြားချက်အရ ရော်နယ်ဒိုဟာ တစ်နှစ်ကို စီးပွားရေးစာချုပ်အကျိုးအမြတ်များအပါဝင် တစ်နှစ်ကို ကန်ဒေါ်လာသန်း ၂၀၀အထိ ဝင်ငွေရရှိလာနိုင်ကြောင်း ဆိုပါတယ်။

စီရော်နယ်ဒိုဟာ Al Nassr နဲ့စာချုပ် ချုပ်ဆိုလိုက်ခြင်းဟာ သူ့ရဲ့ ထိပ်တန်းကလပ်ဘောလုံးသမားဘဝကို အဆုံးသတ်စေခဲ့ပြီး မန်ယူကနေ ထွက်မယ်ဟု သတင်းထွက်လာပြီးနောက် သူဟာ ချန်ပီယံလိဂ်အသင်းမှာ ယှဉ်ကစားနေတဲ့ အသင်းတစ်သင်းကို ပြောင်းရွေ့ရန် ဆန္ဒရှိခဲ့သော်လည်း ထိုအိမ်မက်ဟာ ဖြစ်မလာခဲ့ပါဘူး။

Al Nassr အသင်းနဲ့ စာချုပ်ချုပ်လိုက်ပြီးနောက် စီရော်နယ်ဒိုဟာ ကမ္ဘာပေါ်တွင် တတိယလစာအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ လူမှုကွန်ရက်ပေါ်တွင်လည်း followers သန်းပေါင်းများစွာ ရှိသောသူတစ်ယောက်ဖြစ်သောကြောင့် ကြော်ငြာပို့စ်တစ်ခုတင်လျှင်လည်း ကန်ဒေါ်လာ သန်းချီရရှိနေသော ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ထို့ကြောင့် သူဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၃၁၅ သန်းခန့် ဝင်ငွေရရှိမည်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်