ကလေးတက္ကသိုလ်အနီး အဆောင်များတွင် ဒုတိယအကြိမ်ရေခမ်း

၂၀၁၉၊အောက်တိုဘာ(၂၄)
ကလေးတက္ကသိုလ်အနီးရှိ ကလေးမြို့လှိုင်သာယာရပ်ကွက်အတွင်းရှိ အိမ်အချို့တွင် အောက်တိုဘာ(၂၁)ရက်ကစပြီး ရေခမ်းသွားတယ်လို့သတင်းရရှိပါတယ်။

အရင်လ စက်တင်ဘာလတွင် ယင်းနေရာတွင် တစ်ပတ်ခန့်ရေခမ်းပြီး ရေပြန်ပေါ်လာပါတယ်။ ဒါကြောင့် လက်ရှိ ကလေးလွင်ပြင်မှ ရေသယ်ကားတစ်စီးနဲ့ ရေအလှူပေးနေပါတယ်။

ကလေးလွင်ပြင်အဖွဲ့မှ ဦးတင်အောင်ဆင့်က “အခုရေခမ်းတဲ့နေရာက တက္ကသိုလ်ကျောင်းသားတွေနေတဲ့အဆောင်မှာပါ။ အများစုကအဆောင်တွေဆိုတော့ သူတို့စီးပွားရေးနဲ့ သူတိုဆိုပြီးလူတွေယူဆလို့ အခုလည်းရေလှူပေးဖို့ဖုန်းဝင်လာကြပေမယ့် ဆီကလုံလုံလောက်လောက်မရှိဘူး။ ဒီနေ့လည်း ရေအလှူတွေလိုက်ပေးနေတယ်” လို့ပြောပါတယ်။

ကလေးမြို့တွင် ၂၀၁၅ ခုနှစ်ရေဘေးဖြစ်ပြီးနောက် ၂၀၁၆ ခုနှစ်ကစပြီး ချင်းတောင်ခြေမှာရှိတဲ့ လှိုင်သာယာရပ်ကွက်တစ်ဝိုက်တွင် ပွင့်လင်းရာသီအဝင်တွင်ရေတွင်းရေခမ်းလျက်ရှိပါတယ်။

Zalen ad

ကမ္ဘာသစ်အဆောင်ပိုင်ရှင်တစ်ဦးက “အရင်တစ်ခါရေခမ်းပြီး ရေပြန်ပေါ်လာတယ်။ အခုတစ်ခေါက်ရေပြန်ခမ်းလာတယ်။ စက်နဲ့ရေတင်လို့မရပေမယ့် ဘုံဘိုင်နဲ့တော့ရေခတ်လို့ရသေးတယ်။ ကျောင်းသူတွေကတော့ မြို့ထဲမှာအသိမိတ်ဆွေအိမ်တွေမှာရေသွားချိုးကြတယ်။ အခုရေခမ်းတဲ့နေရာကတော့ တက္ကသိုလ်မုဒ်ဦးရဲ့အရှေ့ကအိမ်တွေပါ” လို့ပြောပါတယ်။

ခုချိန်ဟာ ကလေးတက္ကသိုလ်တွင် အဝေးသင်ကျောင်းသားများ ကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ကိုင်းအထက်ပိုင်း တမူး၊ ကလေးဝဘက်မှလည်းကောင်း၊ ချင်းပြည်နယ်မြောက်ပိုင်းမြို့နယ်မှ ကျောင်းသူ၊သားများ အဆောင်ငှားနေပြီး ပညာသင်နေတဲ့အချိန်ဖြစ်ပါတယ်။

(Zawgyi)

ကေလးတကၠသိုလ္အနီး အေဆာင္မ်ားတြင္ ဒုတိယအၾကိမ္ေရခမ္း

၂၀၁၉၊ေအာက္တိုဘာ(၂၄)
ကေလးတကၠသိုလ္အနီးရွိ ကေလးၿမိဳ႕လႈိင္သာယာရပ္ကြက္အတြင္းရွိ အိမ္အခ်ိဳ႕တြင္ ေအာက္တိုဘာ(၂၁)ရက္ကစၿပီး ေရခမ္းသြားတယ္လို႔သတင္းရရွိပါတယ္။

အရင္လ စက္တင္ဘာလတြင္ ယင္းေနရာတြင္ တစ္ပတ္ခန႔္ေရခမ္းၿပီး ေရျပန္ေပၚလာပါတယ္။ ဒါေၾကာင့္ လက္ရွိ ကေလးလြင္ျပင္မွ ေရသယ္ကားတစ္စီးနဲ႔ ေရအလႉေပးေနပါတယ္။

ကေလးလြင္ျပင္အဖြဲ႕မွ ဦးတင္ေအာင္ဆင့္က “အခုေရခမ္းတဲ့ေနရာက တကၠသိုလ္ေက်ာင္းသားေတြေနတဲ့အေဆာင္မွာပါ။ အမ်ားစုကအေဆာင္ေတြဆိုေတာ့ သူတို႔စီးပြားေရးနဲ႔ သူတိုဆိုၿပီးလူေတြယူဆလို႔ အခုလည္းေရလွဴေပးဖို႔ဖုန္းဝင္လာၾကေပမယ့္ ဆီကလံုလံုေလာက္ေလာက္မရွိဘူး။ ဒီေန႔လည္း ေရအလႉေတြလိုက္ေပးေနတယ္” လို႔ေျပာပါတယ္။

ကေလးၿမိဳ႕တြင္ ၂၀၁၅ ခုႏွစ္ေရေဘးျဖစ္ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ကစၿပီး ခ်င္းေတာင္ေျခမွာရွိတဲ့ လႈိင္သာယာရပ္ကြက္တစ္ဝိုက္တြင္ ပြင့္လင္းရာသီအဝင္တြင္ေရတြင္းေရခမ္းလ်က္ရွိပါတယ္။

ကမာၻသစ္အေဆာင္ပိုင္ရွင္တစ္ဦးက “အရင္တစ္ခါေရခမ္းၿပီး ေရျပန္ေပၚလာတယ္။ အခုတစ္ေခါက္ေရျပန္ခမ္းလာတယ္။ စက္နဲ႔ေရတင္လို႔မရေပမယ့္ ဘုံဘိုင္နဲ႔ေတာ့ေရခတ္လို႔ရေသးတယ္။ ေက်ာင္းသူေတြကေတာ့ ၿမိဳ႕ထဲမွာအသိမိတ္ေဆြအိမ္ေတြမွာေရသြားခ်ိဳးၾကတယ္။ အခုေရခမ္းတဲ့ေနရာကေတာ့ တကၠသိုလ္မုဒ္ဦးရဲ႕အေရွ႕ကအိမ္ေတြပါ” လို႔ေျပာပါတယ္။

ခုခ်ိန္ဟာ ကေလးတကၠသိုလ္တြင္ အေဝးသင္ေက်ာင္းသားမ်ား ေက်ာင္းတက္ေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ စစ္ကိုင္းအထက္ပိုင္း တမူး၊ ကေလးဝဘက္မွလည္းေကာင္း၊ ခ်င္းျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္မွ ေက်ာင္းသူ၊သားမ်ား အေဆာင္ငွားေနၿပီး ပညာသင္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်