ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ် လူတစ်ဦးသေဆုံး

ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် ကိုဗစ်လူနာရှိတဲ့အိမ်မှာ Home Quarantine လုပ်ထားစဉ် အသက် (၈၂)အရွယ်အမျိုးသားတစ်ဦးဟာ မနေ့ညကသေဆုံးသွားကြောင်းသတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ ယင်းအမျိုးသားရဲ့ swab ကိုယူကာ ကလေးမြို့တွင်စစ်ဆေးရာ ဒီနေ့ညနေပိုင်းတွင် ကိုဗစ်-၁၉ Positive ဖြစ်ကြောင်း အဖြေထွက်လာခဲ့ပါတယ်။

ကလေးမြို့ ကိုဗစ်ကော်မတီ သတင်းနဲ့ပြန်ကြားရေးကော်မတီက တာဝန်ခံ ကိုသန့်စင်က “သူက ကိုဗစ်-၁၉ရောဂါလူနာရှိတဲ့ Home Quarantine လုပ်ထားတဲ့အိမ်ကပါ။ သေဆုံးပြီးတော့ swab ယူထားပြီးစစ်ဆေးပါတယ်။ သေတာက မနေ့ကည သခေါင်လောက်ကသေသွားတယ်” လို့ပြောပါတယ်။

၎င်းဟာ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားတဲ့ ပထမဆုံး လူနာဖြစ်ပါတယ်။ လက်ရှိ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါလူနာ (၅၃)ဦးရှိပြီး တိုင်းရင်းဆေးရုံနဲ့ အိတ်စွပ်ပြည်သူ့အငှားအိမ်ရာတွင် ကုသစောင့်ရှောက်လျက်ရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်