ကလေးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ (၁၂) ဦးထပ်တွေ့

ကလေးမြို့နယ်တွင် နိုဝင်ဘာလ (၂၅)ရက်မှာ ကိုဗစ်လူနာသစ် (၁၂)ဦးတွေ့ရှိတယ်လို့ ကလေးကိုဗစ်သတင်းနှင့်ပြန်ကြားရေးကော်မတီ ကထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Positive လူနာများရဲ့ Closed Contact တွေကို ဓါတ်ခွဲနမူနာရယူပြီး Test Kit ဖြင့် စစ်ဆေးသူ (33) ဦးအနက် (၁၂)ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိတာဖြစ်တယ်။

ပိုးတွေ့လူနာတွေဟာ မြို့သာရပ်ကွက၊ စံပြကျေးရွာ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်မှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။
လက်ရှိကလေးမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ စောင့်ကြည့်ကုသလျက်ရှိသူ (၃၈)ဦးရှိပါတယ်။

(Zawgyi)

Zalen ad





 

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်