ကလေးမြို့တွင် တစ်ရက်အတွင်းကိုဗစ်-၁၉ လူနာသစ် (၁၂)ဦးတွေ့ရှိ

ကလေးမြို့နယ်တွင် နိုဝင်ဘာလ (၇)ရက်တွင် ကိုဗစ်-၁၉ ရောဂါလူနာသစ် (၁၂)ဦးတွေ့ရှိတယ်လို့ ကလေးကိုဗစ်သတင်းနှင့်ပြန်ကြားရေးကော်မတီကထုတ်ပြန်ထားပါတယ်။

၎င်းတို့ဟာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Positive လူနာတွေရဲ့ Contact တွေကို ဓါတ်ခွဲနမူနာရယူပြီး Test Kit ဖြင့် စစ်ဆေးသူ (133) ဦးအနက် (၁၁)ဦးထံ Positive တွေ့ရှိပြီး ချင်းပြည်နယ် ခိုင်ကမ်းမြို့ စစ်ဆေးရေးဂိတ်၌ အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးပေးသော ဓာတ်ခွဲနမူနာများ အနက် တစ်ဦးထံ Positive တွေ့ရှိထားခြင်းဖြစ်ပါတယ်။

လက်ရှိ ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာ (၇၆)ဦးရှိပြီး ၎င်းတို့ကို တိုင်းရင်းဆေးရုံနဲ့ အိတ်စွပ်အိမ်ယာတွင် ကုသလျက်ရှိပါတယ်။

(Zawgyi)

Zalen ad

ကေလးၿမိဳ႕တြင္ တစ္ရက္အတြင္းကိုဗစ္-၁၉ လူနာသစ္ (၁၂)ဦးေတြ႔ရွိ

ကေလးၿမိဳ႕နယ္တြင္ ႏိုဝင္ဘာလ (၇)ရက္တြင္ ကိုဗစ္-၁၉ ေရာဂါလူနာသစ္ (၁၂)ဦးေတြ႕ရွိတယ္လို႔ ကေလးကိုဗစ္သတင္းႏွင့္ျပန္ၾကားေရးေကာ္မတီကထုတ္ျပန္ထားပါတယ္။

၄င္းတို႔ဟာ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ Positive လူနာေတြရဲ႕ Contact ေတြကို ဓါတ္ခြဲနမူနာရယူၿပီး Test Kit ျဖင့္ စစ္ေဆးသူ (133) ဦးအနက္ (၁၁)ဦးထံ Positive ေတြ႔ရွိၿပီး ခ်င္းျပည္နယ္ ခိုင္ကမ္းၿမိဳ႕ စစ္ေဆးေရးဂိတ္၌ အေရးႀကီးကုန္စည္ပို႔ေဆာင္ေရး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားအား ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ COVID-19 ေရာဂါပိုးရွိ/မရွိ Test Kit ျဖင့္ စစ္ေဆး​ေပးေသာ ဓာတ္ခြဲနမူနာမ်ား အနက္ တစ္ဦးထံ Positive ေတြ႔ရွိထားျခင္းျဖစ္ပါတယ္။

လက္ရွိ ကေလးၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ Positive လူနာ (၇၆)ဦးရွိၿပီး ၄င္းတို႔ကို တုိင္းရင္းေဆးရံုနဲ႔ အိတ္စြပ္အိမ္ယာတြင္ ကုသလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်