ကလေးမြို့တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၇၀,၀၀၀ ကျော်တွင် ချင်းတိုင်းရင်းသား ၁၃၀,၀၀၀ ကျော်ရှိ

ဒီနှစ် နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကလေးမြို့တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၇၃,၁၆၈ ဦးရှိတဲ့ထဲမှာ ချင်းတိုင်းရင်းသား မဲပေးပိုင်ခွင့်ရှိသူ ၁၃၀,၀၀၀ ကျော်ရှိတယ်လို့ ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဂင်ခန့်ပေါင် ထံကသတင်းရရှိပါတယ်။

မဲထည့်ဖို့ မဲရုံ (၁၉၅)ရုံဖွင့်လှစ်မှာဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် မဲရုံ ၂၀ တိုးထားတယ်လို့သိရပါတယ်။

မဲရုံတွင် အရင်က မဲစာရင်းထုတ်ပေးသူနဲ့ စစ်ဆေးသူဟူ၍ ၂ ဦးရှိပြီး ဒီနှစ်မှာတော့ ၄ဦးထားရှိမယ်လို့ ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌထံမှသတင်းရရှိပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကလေးမြို့မှာ မဲပေးပိုင်ခွင့်ရှိသူ ၂၃၅,၂၃၁ ဦးရှိပြီး မဲပေးသူ ၁၆၂,၈၀၄ ဦး ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းရေးရာဝန်ကြီး တစ်နေရာလည်းရှိပြီး ချင်းတိုင်းရင်းသားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာပြန့်ကျဲနေထိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်