ကလေးမြို့တွင် အမဲခုံကလူ (၅)ယောက်ကို စစ်တပ်က ထိုးကြိတ်ရိုက်နှိပ်ပြီးဖမ်းဆီးခေါ်ဆောင်

ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ တောင်ဖီလာကောက်ကွင်းလမ်းဘေးက အမဲခုံတွင်ထိုင်နေတဲ့ လူ (၅)ဦးကို စစ်သားတွေက မနေ့ နေ့လည်ပိုင်းက ထိုးကြိတ်ရိုက်နှိပ်လို့ ဒဏ်ရာအသီးသီးရရှိကြတယ်လို့သိရပါတယ်။

တာဟန်းဘက်ကနေ မြို့လှဘက်ကိုသွားနေတဲ့ စစ်သားတွေက လမ်းဘေး အမဲခုံတွင်ဈေးရောင်းနေတဲ့ မွန်ထာရွာက (၂)ဦး၊ မြို့လှရွာက (၃)ဦးကို ဘာအကြောင်းပြချက်မှမရှိဘဲ တုတ်၊ သေနတ်ဒင်နဲ့ထိုးကြိတ်ကြပါတယ်။

မျက်မြက်သက်သေတစ်ဦးက “သူတို့အားလုံး ထိုးကြိတ် ရိုက်နှိပ်တာ ခံရတယ်။ စစ်သားတွေက သစ်သာ ၂-၁ အရွယ်နဲ့ရိုက်တယ်။ သေနတ်ဒင်နဲ့လည်းရိုက်တယ်။ ဦးခေါင်းတွေလည်းအရိုက်ခံရလို့ ဦးခေါင်းကွဲတာလည်းရှိတယ်။ ပြီးတော့ မြို့မရဲစခန်းကို ခေါ်သွားပြီး ညနေပိုင်းမှာ ဆွေမျိုးတွေက ငွေကြေးအနည်းငယ်ပေးပြီးတော့ ပြန်လွတ်လာတယ်” လို့ပြောပါတယ်။

မနေ့က ကလေးမြို့တွင် စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ လူ (၃)ဦးသေဆုံးပြီး ပြည်သူ့ဆေးရုံတွင် ပိုင်ရှင်မသိရသေးတဲ့ အလောင်း တစ်လောင်းရှိတယ်လို့လည်းသိရပါတယ်။

မနေ့က ဆန္ဒဖော်ထုတ်တဲ့ထဲမှာပါတဲ့ လူငယ် (၈)ဦးကျော် ဖမ်းဆီးခံရပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်