ကလေးမြို့နယ်တွင် ကျပ်သိန်း ၂၀၀ ကျော် စိတ်ကြွမူးယစ်ဆေးပြားများဖမ်းဆီးရမိ

ကလေးမြို့နယ် ချောင်းခွကျေးရွာ ချောင်းခွပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကလေးမြို့ဘက်မှ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးပြီး စိတ်ကြွမူးယစ်ဆေးပြား ကျပ်၂၃,၄၀၀,၀၀၀ ဖိုးကို အောက်တိုဘာလ (၆)ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့ဘက်မှ ချောင်းခွကျေးရွာဘက်သို့ စက္ကန့်ကျေးရွာနေ ဦးငွန်းဆုန်းထန် (၄၂ နှစ်)က Kenbo 125 ဆိုင်ကယ် မောင်းနှင်လာရာ ချောင်းခွပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးမောင်းနှင်သဖြင့် လိုက်လံဖမ်းဆီး၍ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားတဲ့ အနက်ရောင်ကျောပိုးအိတ် တစ်လုံးအတွင်း WY နဲ့ R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၇၈၀၀ ပြား(၁ ပြားလျှင် ကာလတန်ဖိုး ၃၀၀၀ ကျပ်)ဖြစ် စုစုပေါင်း ကျပ် ၂၃,၄၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပါတယ်။ အမှုအားဆက်လက်မေးမြန်းရာ ကလေးမြို့၊ စက္ကန့်ကျေးရွာနေ ဦးထောင်နှင်ထန်မှ ငွေ ၂ သိန်းပေး၍ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ယင်းနေ့ ညနေ ၈ နာရီခွဲအချိန်တွင် သက်သေများနဲ့အတူ ဦးထောင်နှင်ထန်နေအိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးပေမယ့် ၎င်းမှာနေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်းနေအိမ်တွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါ။

ဒါကြောင့် ၎င်းတို့နှစ်ဦးကို ကလေးမြို့ မူးယစ်တပ်ဖွဲ့စု (၅)မှ ရဲအုပ် မြတ်ဖုန်းက တရားလိုပြုလုပ်ကာ (ပ)အမျတ် မယ(ပ)၁၅၇/၂၀၁၉၊ မူး/စိတ် ပုဒ်မ-၁၉(က)/၂၁ ဖြစ်အမှုဖွင့်ထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်