ကလေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးဖို့လျာထားသူ သုံးထောင်ကျော်ရှိ

ကလေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Human Papilloma Virus-HPV) ထိုးဖို့လျာထားသူ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေး (၃၃၆၈)ဦးရှိတယ်လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးရုံးမှသတင်းရရှိပါတယ်။

ယင်းကာကွယ်ဆေးဟာ စက်တာဘာလ (၂၀)ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာတွေမှာ ၂၀၁၀ ခုနှစ် စက်တင်ဘာမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်းမွေးဖွားသူ မိန်းကလေးတွေထံ ထိုးနှံမှာဖြစ်ပါတယ်။

အသက်မပြည့်သေးသူတွေကတော့ နောက်နှစ်ကာကွယ်ဆေးထိုးမယ့်အချိန်ကို စောင့်နိုင်သလို အသက်ပြည့်ပြီးသူတွေတါကတော့ အပြင်ဆေးရုံ၊ ဆေးခန်းတွေမှာ ကိုယ့်အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။

ရန်ကုန်မှာတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတစ်ကြိမ်ထိုးရင် ကျပ် လေးသောင်းခွဲကျော်ကျပါတယ်။

Zalen ad

သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသားသမီးများရဲ့သားအိမ်အဝကျဉ်းသောအပိုင်းတွင် ဖြစ်ပွားတဲ့ ကင်ဆာရောဂါကို ဆိုလိုပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတဲ့အမျိုးသမီးတွေ၊ အသက်ငယ်ငယ်နဲ့ ကလေးမွေးတဲ့အမျိုးသမီးတွေ၊ လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ၊ မိမိအဖော်တွင် လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ၊ ဆးလိပ်သောက်တဲ့အမျိုးသမီးတွေ၊ HIV ရောဂါပိုးရှိပြီး ခုခံအားကျဆင်းနေတဲ့ အမျိုးသမီးများတွင်ပို၍အဖြစ်များတယ်။

သားအိမ်ခေါင်းကင်ဆာဟာ တကမ္ဘာလုံးရှိအမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် အဖြစ်များတဲ့ ကင်ဆာရောဂါများထဲမှ တစ်ခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

MNDAA က TNLA ထိန်း ချုပ်ထားတဲ့ရွာတွေက အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

မတ် ၂၀ ၊၂၀၂၆ Zalen ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်