ကလေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးဖို့လျာထားသူ သုံးထောင်ကျော်ရှိ

ကလေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Human Papilloma Virus-HPV) ထိုးဖို့လျာထားသူ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေး (၃၃၆၈)ဦးရှိတယ်လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးရုံးမှသတင်းရရှိပါတယ်။

ယင်းကာကွယ်ဆေးဟာ စက်တာဘာလ (၂၀)ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာတွေမှာ ၂၀၁၀ ခုနှစ် စက်တင်ဘာမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်းမွေးဖွားသူ မိန်းကလေးတွေထံ ထိုးနှံမှာဖြစ်ပါတယ်။

အသက်မပြည့်သေးသူတွေကတော့ နောက်နှစ်ကာကွယ်ဆေးထိုးမယ့်အချိန်ကို စောင့်နိုင်သလို အသက်ပြည့်ပြီးသူတွေတါကတော့ အပြင်ဆေးရုံ၊ ဆေးခန်းတွေမှာ ကိုယ့်အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။

ရန်ကုန်မှာတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတစ်ကြိမ်ထိုးရင် ကျပ် လေးသောင်းခွဲကျော်ကျပါတယ်။

Zalen ad

သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသားသမီးများရဲ့သားအိမ်အဝကျဉ်းသောအပိုင်းတွင် ဖြစ်ပွားတဲ့ ကင်ဆာရောဂါကို ဆိုလိုပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတဲ့အမျိုးသမီးတွေ၊ အသက်ငယ်ငယ်နဲ့ ကလေးမွေးတဲ့အမျိုးသမီးတွေ၊ လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ၊ မိမိအဖော်တွင် လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ၊ ဆးလိပ်သောက်တဲ့အမျိုးသမီးတွေ၊ HIV ရောဂါပိုးရှိပြီး ခုခံအားကျဆင်းနေတဲ့ အမျိုးသမီးများတွင်ပို၍အဖြစ်များတယ်။

သားအိမ်ခေါင်းကင်ဆာဟာ တကမ္ဘာလုံးရှိအမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် အဖြစ်များတဲ့ ကင်ဆာရောဂါများထဲမှ တစ်ခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်