ကလေးမြို့နယ် တောင်သူ (၁၀၀)ကျော်ထံ ကိုဗစ်ကုစားမှုထောက်ပံ့ကြေးပေးမယ်

ကလေးမြို့နယ်ရှိ တောင်သူ (၁၁၃)ဦးထံ ကိုဗစ်ကုစားမှုအစီအစဉ်အနေနဲ့ ထောက်ပံ့ကြေးပေးမယ်လို့ သတင်းရရှိပါတယ်။

တောင်သူတွေထောက်ပံ့မယ့်အစီအစဉ်ကို မနက်ဖြန် မနက် ၉ နာရီခွဲမှာ မြို့နယ်စုပေါင်းရုံတွင် အခမ်းအနားပြုလုပ်မှာဖြစ်ပါတယ်။

ကလေးမြို့နယ် စိုက်ပျိုးရေး၊ မြို့နယ်ဦးစီးမှူး နိုင်ထွန်းဝင်းက ” ဒါက ချေးငွေမဟုတ်ဘူး။ အပြီးပိုင်ပေးမှာ။ အခမ်းအနားကိုတော့ ကျန်းမာရေးရဲ့ Social Distancing အရ လူ ၃၊ ၄၀ လောက်ပဲဝင်ခိုင်းမယ်။ ကလေးမြို့နယ်မှာ တောင်သူကတော့ သောင်းချီရှိပေမယ့် အကုန်လုံးတော့မပေးနိုင်ဘူးလေ” လို့ပြောပါတယ်။

ကိုဗစ်ကုစားမှုထောက်ပံ့ကြေးအစီအစဉ်ကို တစ်ဧကတွင် တစ်သိန်းခွဲနှုန်း ပေးအပ်မှာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

သံလွင်နဲ့ မိုလိုမြစ်ဝှမ်းတလျှောက် အာဆင်းနစ်အန္တာရာယ် ကျရောက်နေပြီး ရေနဲ့ ငါးတွေကို လုံးဝ မစားသုံးဖို့ သတိပေး

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ Zalen ကရင်နီ(ကယား) ပြည်နယ်အတွင်း စီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းတလျောက် အာဆင်းနစ်အန္တာရာယ် ကျရောက်နေပြီး ရေနဲ့ ငါးတွေကို လုံးဝ မစားသုံးဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထုတ်ပြန်လိုက်ပါတယ်။ သံလွင်မြစ်နဲ့ ...

ဆက်ဖတ်ရန်